အပိုင်း ၄၄ - ကုန်သည်ညီအစ်ကိုများနှင့် ထပ်မံတွေ့ဆုံခြင်း
နှစ်သစ်ကူးပွဲတော်နီးကပ်လာသောကြောင့် ရှီချောင်မြို့သည် ပုံမှန်ထက်ပို၍ စည်ကားနေလေသည်။ မြို့သို့လာရောက်ကြသောလူများသည် များပြားလွန်းလှသောကြောင့် တစ်ယောက်နှင့် တစ်ယောက် ပုခုံးချင်းပင် တိုက်မိကုန်ကြသည်။
မြို့သို့သွားရာလမ်းတစ်လျှောက်၌ ရွာသားများကိုတွေ့ဆုံခဲ့ရပြီး လူတိုင်း၏မျက်နှာထက်တွင် အပြုံးများဖြင့် ပြည့်နှက်နေကြပေသည်။ လူကြီးများနှင့်ကလေးများအတွက် ခက်ခဲသောနှစ်တစ်နှစ်ကပြီးဆုံးသွားပြီဖြစ်ပြီး စိတ်သက်သာရာရနေကြကာ ပျော်ရွှင်သည့်နေ့ရက်များကို ဖြတ်သန်းကြရပေမည်။ နှစ်သစ်ကူးပွဲတော်၏ သဘာဝသည် အလွန်တရာ စည်ကားသိုက်မြိုက်လှပြီး မိသားစုတိုင်းသည် ပွဲတော်အတွက် တက်တက်ကြွကြွပြင်ဆင်နေကြသည်။
မြို့ဆီသို့ နွားလှည်းမောင်းကာ ရောက်ရှိသွားပြီးနောက် လင်းလောင်ကန်သည် လင်းထျန်းပေါင်ကို ချင်းယွမ်၊ လင်းအားမို၊ ကျိုးကောအာတို့နှင့်အတူ ဈေးဝယ်ထွက်ရန်ပြောလိုက်လေသည်။ သူနှင့် ဒုတိယမိသားစုကမူ နွားလှည်းနဲ့အတူ နှစ်သစ်ကူးပစ္စည်းများဝယ်ယူရန်ထွက်ခွာသွားလေသည်။
“အစ်ကိုကြီး…သကြားလေပွေမုန့်တွေ…အဲ့မှာသကြားလေပွေမုန့်တွေ”
"အစ်ကိုကြီး...ဟိုမှာ မီးရှူးမီးပန်းတွေ..."
“ကျိုးကောအာ…ဟိုဘက်ကိုမြန်မြန်ကြည့်လိုက်… မျက်နှာသေးသေးနဲ့လူငယ်တစ်ယောက်ပဲ”
လင်းထျန်းပေါင်သည် တက်ကြွသည့်စရိုက်ရှိသည့်ကလေးတစ်ယောက်ဖြစ်သောကြောင့် မြို့သို့ရောက်ရှိသွားကတည်းက စကားပြောခြင်းကိုမရပ်တန့်ခဲ့ပေ။ သူကလမ်းမပေါ်ရှိ အမြင်ဆန်းသည့်အရာများကိုတွေ့တိုင်း လက်ညိုးထိုးကာ စိတ်လှုပ်ရှားစွာအော်ဟစ်နေခဲ့သည်။ ကလေးများ၏ တီတီတာတာစကားသံများသည် အလွန်တရာ အသက်ဝင်လှပေသည်။
ကျိုးကောအာနှင့် လင်းအားမိုကလည်း သူ့ကိုအလိုလိုက်ထားကြပြီး သူတို့၏မုန့်ဖိုးများကိုထုတ်၍ ကလေးငယ်အား ပျော်ရွှင်စေရန် ပစ္စည်းများကိုဝယ်ယူပေးခဲ့ကြသည်။ ချင်းယွမ်ကလည်း ရက်ရောသူဖြစ်သောကြောင့် ခဏမျှကြာပြီးနောက်တွင် လင်းထျန်းပေါင်၏ လက်ထဲ၌ အရသာရှိသောစားစရာများနှင့် ကစားစရာများဖြင့်ပြည့်နှက်သွားလေသည်။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်
FantasyTitle - there is an apocalyptic man in the village ~အကျဥ်းချုပ်~ ကမ္ဘာပျက်ကပ်မတိုင်ခင် နေ့ရက်များ၌ ပြန်လည် မွေးဖွားလာခဲ့ပြီးနောက် ဝူချင်းယွမ်သည် ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် လုံခြုံသည့်နေရာတစ်ခုအား ရှာဖွေချင်ခဲ့ရုံမျှသာ...။ အရင်ဘဝမှ မှတ်ဉာဏ်မ...