အပိုင်း ၂၃

736 100 1
                                    

အပိုင်း ၂၃ - ကျောက်မီးသွေး ချက်မည့် အကြံဉာဏ်

ဖက်ထုပ်များသည် အရသာရှိ၍ ပြုလုပ်ရန် မလွယ်ကူသော်လည်း လင်းလောင်ကန်နှင့် ကျိုးကောအာ ကဲ့သို့ ကျေးလက်နေသူများ အတွက်မူ ဖက်ထုပ်ပြုလုပ်ခြင်းသည် အလွန်ပင် ရိုးရှင်းလှ၏။ 

ဂျုံးများကို နယ်၍အစာပလာများကို ခုတ်ထစ်လိုက်ကာ အလုပ်များကို ခွဲဝေလျှက် နာရီဝက်မျှ လှုပ်ရှားလိုက်ပြီးနောက် မီးဖိုပေါ်တွင် ဖက်ထုပ်များဖြင့် ပြည့်နှက်သွားသည်။  ရေနွေးဆူပွက်လာပြီးနောက် ဖက်ထုပ်များသည် နစ်မြုပ်သွားပြီး အပေါ်အောက် လိမ့်နေလေကာ အရသာ ရှိမည့်ဟန်ရသည်။  တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ချမ်းယွမ်၏ စားချင်စိတ်ကို နှိုးဆွနေလေသည်။ 

မီးဖိုချောင်ထဲရှိ အခြားလူများသည်လည်း သရေကျနေပေသည်။ ဝက်ခြေထောက်ဝယ်ရာမှ ပြန်ရောက်လာသော လင်းထျန်းပေါင်သည်လည်း ပျော်ရွှင်စွာ ခုန်ပေါက်နေလေသည်။ ရွာထဲရှိ အစားအစာများသည် ဝူထို့နှင့် တောရိုင်းဟင်းသီးဟင်းရွက် စွတ်ပြုတ်များကဲ့သို့ ဖြစ်ပြီး မွှေးကြိုင်သည့် ဝက်သားနှင့် ဂေါ်ဖီ ဖက်ထုပ်များမှာမူ တရုတ်နှစ်သစ်ကူး၌သာ စားသောက်နိုင်သော အရာများဖြစ်သည်။ 

အိုးများထဲသို့ လောင်းထည့်၍ ရှာလကာရည်ကို ပြင်ဆင်ပြီးသည်နှင့် လူတိုင်းသည် ခြံဝန်းထဲရှိ သစ်ပင်ကြီး၏ အောက်ရှိ ကျောက်တုံး စားပွဲရှေ့၌ စုဝေးလိုက်ကြသည်။ လင်းလောင်ကန်သည် ဝက်ခြေထောက်ကိစ္စနှင့် ပတ်သတ်၍ ဒေါသထွက်နေဆဲဖြစ်သောကြောင့် သူ့မိခင်နှင့် တစ်ခန်းတည်း အတူမနေရန် ဆုံးဖြတ်လိုက်သည်။ သူက ခေါင်းမာလှသော အကျင့်စရိုက်ရှိသော်လည်း ဒုတိယမိသားစုမှ ကလေးမလေး နှစ်ယောက်ကိုမူ ဖက်ထုပ်အတူစားရန်ခေါ်လိုက်သည်။

"ညီလေးဝူ...နောက် နှစ်ရက်ကြာလို့ မင်းအိမ်ကို အခြောက်ခံပြီးရင် အဲ့ဒီမှာ မင်းနေလို့ရပြီ...ဦးလေး ကိုင်မင်က မင်းကို ရက်ကောင်းတစ်ရက်ရွှေးပြီး အိမ်ကြည့်ဖို့ မင်းကိုကူညီပေးလိမ့်မယ်..."

ဖက်ထုပ်များကို စားနေရင်း လင်းလောင်ကန်က ပြောလိုက်သည်။ ရွာသားများသည် အယူအစွဲ ရှိကြပြီး မင်္ဂလာဆောင်ချိန်မှစ၍ အိမ်သစ်သို့ပြောင်းရွှ့သည့် အချိန်အထိ ရက်ကောင်းရက်မြတ်ကို ရွေးလေ့ ရှိကြသည်။ 

 ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်Where stories live. Discover now