အပိုင်း ၁၃

1K 124 0
                                    

အပိုင်း၁၃-မင်း သူ့ကို ကြိုက်လား 

သူကသဘာဝလွန်စွမ်းအားပိုင်ရှင်ဖြစ်သောကြောင့် ချင်းယွမ်သည် သန်မာအားကောင်းသော စိတ်စွမ်းအင်ရှိရုံသာမက သာမန်လူများထက်မျက်နှာများကို မှတ်မိနိုင်သော မှတ်ဉာဏ်ရှိပေသည်။ သူ့၏ အမြင်အရ လင်းအားမိုကို နှုတ်ဆက်လိုက်သောလူသည် ကုန်စုံဆိုင်၌ သူတွေ့ခဲ့သော  ကျောက်ဟိုင်ရှန်းဖြစ်ကြောင်း သိလိုက်ရသည်။

သူတို့ ၂ ယောက်က ရယ်မောပြောဆိုနေကြသောကြောင့် တစ်ယောက်ကို တစ်ယောက်သိရှိသည်မှ သိသာလှသည်။ လင်းအားမို၏ မျက်နှာထက်ရှိအပြုံးသည် ပုံမှန်နှင့်ကွဲပြားခြားနားနေပေသည်။ သူတို့ ၂ ယောက်လုံးက ပြုံးနေကြသော်လည်း  လင်းအားမိုကို ကြည့်ရသည်မှာ အနည်းငယ် ရှက်ရွံ့နေဟန်ရ၏။  သူတို့ ၂ ယောက် စကားပြောနေသည့် ပုံစံနှင့်  မတ်တပ်ရပ်နေသော ကိုယ်ဟန်တို့သည် ပုံမှန်နှင့်ကွဲပြားခြားနားနေပေသည်။ ယခုအခါ၌  လင်းအားမို၏ ပုံမှန်တက်ကြွမှုနှင့် နှိုင်းယှဉ်လျှင် ပိုမိုတည်ငြိမ်အေးချမ်းနေပေ၏။ 

အထူးသဖြင့် ကျောက်ဟိုင်ရှန်းက အဝတ်စဖြင့် ပတ်ထားသော တစ်စုံတစ်ခုကို သူ့ထံကမ်းပေးလိုက်သည် ကောင်လေး၏ အမူအရာသည် ပို၍ပင်ရှက်ရွံ့ဟန်ပြလာသည်။ သူ့မျက်နှာထက်ရှိအမှတ်က မလှပသော်လည်း သူ့၏ မျက်နှာထက်တွင်ချိုမြိန်သော အပြုံးတစ်ခုကို မြင်တွေ့နေနိုင်ဆဲဖြစ်သည်။

ကျောက်ဟိုင်ရှန်းက သူ့၏ တုံ့ပြန်ပုံကိုသတိထားမိသွားချိန်တွင် သူ့၏မျက်နှာထက်ရှိ အပြုံးကပို၍ပင် ယုံကြည်မှုများပြည့်နှက်လာသည်။ 

ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ချင်းယွမ်၏ကောင်းမွန်နေသော စိတ်အခြေအနေကပျောက်ကွယ်သွားသည်။ ကုန်စုံဆိုင်ထဲ၌ ကြားခဲ့ရသည်များကို သူပြန်လည်အမှတ်ရသွား၏။ ကျောက်ဟိုင်ရှန်း၏ တွက်ချက်နေသော ကောက်ကျစ်ယုတ်မာသည့် မျက်လုံးများကို စိုက်ကြည့်ရင်း သူ၏စိတ်ထဲ၌ အနည်းငယ်တွေဝေတုန့်ဆိုင်းနေပေသည်။

ထိုလူ ၂ယောက်သည် အချိန်ကြာကြာစကားပြောမနေကြပေ။ မကြာခင် ကျောက်ဟိုင်ရှန်းက ထွက်ခွာသွားပြီး တစ်စုံတစ်ခုကိုကိုင်ထားသော လင်းအားမိုသည် ချိုသာသော အပြုံးတစ်ခုနှင့် ထိုနေရာ၌ ရပ်ကျန်ခဲ့သည်။ 

 ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်Where stories live. Discover now