အပိုင်း ၂၆

700 113 13
                                    

(6455 words) Full chapter

အပိုင်း ၂၆.၁ - ကျောက်မိသားစု၏ အတွေးများ

ကျောက်တာ့ချုန်း ကို ရိုက်နှက်ပြီးသည်နှင့် လင်းလောင်ကန် နှင့် ချင်းယွမ် တို့သည် လင်းမိသားစု အိမ်သို့ ဖြည်းဖြည်းချင်း ပြန်သွားကြသည်။

လင်းလောင်ကန် သည် ကျောက်တာ့ချုန်းက သူ့ကို ပြဿနာလာရှာမည်အား မစိုးရိမ်ပေ။ ကျောက်တာ့ချုန်း၏ ပါးစပ်ကို ဟောင်ဖွာဖွာ ဖြစ်စေရန် မည်သူက ပြောထားသည်နည်း။ ထို့အပြင် ထိုသူသည် သူ့ကလေးကိုပင် ကျိန်ဆဲရဲနေပေသေးသည်။ ထို့အပြင် ကျောက်တာ့ချုန်း၏ စရိုက်က အမြဲတစေ ဗလောင်းဗလဲ ဖြစ်နေပေသည်။

ထိုနေရာမှ ထွက်ခွာသွားပြီးနောက် ကျောက်တာ့ချုန်းသည် လင်းလောင်ကန် ကို ပြဿနာ ရှာရဲသည့် သတ္တိမရှိပေ။ သူသည် အဘယ့်ကြောင့် ယနေ့တွင် ကံဆိုးနေရသနည်း။ ပုံမှန်အားဖြင့် လင်းလောင်ကန်၏ ထော့နဲ့နဲ့ ခြေထောက်အပေါ် အခွင့်ကောင်းယူလေ့ရှိသော်လည်း ယခုတွင် ချင်းယွမ် နှင့် တွေ့ဆုံခဲ့ရသောကြောင့် အရိုက်ခံခဲ့ရပေသည်။ ကျောက်တာ့ချုန်းသည် ဤသည်နှင့်သာ ထိုက်တန်ပေသည်။

ထို့အပြင် လင်းလောင်ကန်၌ မည်သို့သော အကျင့်စရိုက်ရှိကြောင်း မသိသူ မရှိပေ။တစ်စုံတစ်ယောက်က သူ့ကလေးနှင့် ပတ်သတ်၍ ဆိုးရွားသည့် တစ်စုံတစ်ခု ပြောလိုက်ချိန်တိုင်း သူသည် ရိုးသားသည့်သူတစ်ယောက် အဖြစ်မှ ခွေးရူး တစ်ကောင် အဖြစ်သို့  ပြောင်းလဲသွားပေလိမ့်မည်။ ထိုကဲ့သို့သော လူတစ်ယောက်ကို မည်သူက ရန်စရဲမည်နည်း။ 

ထို့ကြောင့် သူ့၏ အားထုတ်မှုများသည် အလကားသာ ဖြစ်သွားပေလိမ့်မည်။ ကျောက်တာ့ချုန်းသည် ဒဏ်ရာရနေသည့် မျက်နှာဖြင့်သာ အိမ်သို့ ပြန်သွားနိုင်လေသည်။ သို့သော် သူသည် အလွန်ပင် ဒေါသထွက်နေလေသည်။ လင်းလောင်ကန် က အလွန်တရာ လွန်လွန်းလှပေသည်။ သူ့အနေဖြင့် စကားအနည်းငယ်မျှသာ ပြောဆိုရသေးကာ လင်းမိသားစု က လင်းအားမိုသည် ရုပ်ဆိုးကြောင်းကိုသာ ပြောခဲ့ခြင်း ဖြစ်ပြီး သူက အမှန်တရားကို ပြောခဲ့ခြင်းသာ ဖြစ်သည်။ 

စိတ်ပျက်ဝမ်းနည်းစွာဖြင့် အိမ်သို့ ပြန်သွားချိန်တွင် သူ့ဇနီးဖြစ်သူ လျိုရှီးက အဘယ်ကြောင့် သူထို့သို့ ဖြစ်လာသည်ကို မေးမြန်းလာသောကြောင့် သူသည် ဖြစ်ပျက်သမျှကို ပြောပြလိုက်လေသည်။

 ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်Where stories live. Discover now