အပိုင်း ၄၇ - ခရီးထွက်ရန် အချိန်တန်
စည်ကားလှသော မြို့ထဲတွင် လူဆင်းရဲများကို အဖက်မလုပ်ကြသလို ချမ်းသာသော သူများ၌ ဆွေမျိုးမရှားဟု စကားပုံ ရှိပေသည်။ ထို့ကြောင့် စားသောက်ပွဲ အချိန်ကာလအတွင်း ချင်းယွမ်ကို အရက်ခွက်ချင်း လာတိုက်ကြသော ရွာသားများမှာ တစ်ယောက်ပြီးတစ်ယောက် တန်းစီနေကြသည်။ သူတို့က သူ့ဆီမှ မည်သည့် အရာကိုမှ မတောင်းဆိုကြသော်လည်း ချမ်းသာ ကြွယ်ဝ၍ အင်အားကြီးမားသော သူများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို လိုချင်နေကြခြင်းသာ ဖြစ်သည်။
ကျန်းမိသားစုဝင်များသည်လည်း ချင်းယွမ်ကို တစ်ယောက်ပြီးတစ်ယောက် အရက်ခွက်ချင်း လာတိုက်ကြပြီး ဤချမ်းသာခြင်း နတ်ဘုရားကို မလေးမစား မပြုမိစေရန် ဂရုတစိုက် နေထိုင်နေကြသည်။
စားသောက်ပွဲ တစ်ခုလုံးတွင် မပျော်ရွှင်ဆုံး ဖြစ်နေသောသူမှာ အဖွားကြီးလင်း ဖြစ်ပေသည်။ ချင်းယွမ်က နေ့စဥ် ရွှေဥဥပေးသော မီးသွေးဖိုကို ကျိုးကောအာထံ ခန်းဝင်ပစ္စည်း အဖြစ် ပေးအပ်လိုက်လေသည်။ အနာဂတ်တွင် သူမ မိသားစုမှ လင်းကောအာ၏ လက်ထပ်ပွဲသည် မည်သို့လုပ်ဆောင်ရမည်နည်း။ သူမက ဝူမိသားစု၏ ကံကောင်းခြင်းအပေါ် မှီခိုနေထိုင်ချင်နေသူ ဖြစ်သည်။ ကောတစ်ယောက် လက်ထပ်ရန်အတွက် ဤမျှ များပြားလှသော ပစ္စည်းများကို အဘယ်ကြောင့် လိုအပ်လိမ့်မည်နည်း။ သူမက ချင်းယွမ် ကိုယ်စား သွေးအန်လုမတတ် ဖြစ်နေပေသည်။
သို့သော်လည်း သူမက ထိုသို့တွေးနေစေကာမူ လင်းလောင်ကန်က များစွာ ဂရုစိုက်ခြင်း မရှိပေ။ ကျိုးကောအာ အတွက် ချင်းယွမ်၏ ခန်းဝင်ပစ္စည်းက အနည်းငယ် များပြားသော်လည်း မီးသွေးဖိုတစ်ခုအား ချန်ထားခဲ့သောကြောင့် အားမို အနေဖြင့် အနာဂတ်တွင် ဗိုက်ဆာနေရလိမ့်မည် မဟုတ်ပေ။
ထို့ပြင် ချင်းယွမ်သည် သေချာပေါက် အစွမ်းအစ ရှိသူဖြစ် ကြောင်း သူသိရှိနိုင်ပေသည်။ ချင်းယွမ်၏ အက္ခရာ ရှစ်လုံးသည်လည်း ရက်ရောကာ ကြွယ်ဝသော ဘဝတစ်ခုဆီသို့ ဦးဆောင်နေသောကြောင့် ဇနီးမောင်နှံနှစ်ယောက်သည် အနာဂတ်၌ ဆင်းဆင်းရဲရဲ နေထိုင်ရလိမ့်မည် မဟုတ်ပေ။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်
FantasíaTitle - there is an apocalyptic man in the village ~အကျဥ်းချုပ်~ ကမ္ဘာပျက်ကပ်မတိုင်ခင် နေ့ရက်များ၌ ပြန်လည် မွေးဖွားလာခဲ့ပြီးနောက် ဝူချင်းယွမ်သည် ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် လုံခြုံသည့်နေရာတစ်ခုအား ရှာဖွေချင်ခဲ့ရုံမျှသာ...။ အရင်ဘဝမှ မှတ်ဉာဏ်မ...