အပိုင်း ၄၅

631 85 2
                                    

အပိုင်း ၄၅ - ဝန်ခံခြင်း

အမှန်တကယ်၌လည်း ကျင်းတနှင့် အခြားလူများသည် သူ့ကို ပြောစရာ ရှိနေပေသည်။ သူတို့က ရှီချောင်မြို့၌ လှေစိုက်ကပ်ထားခြင်း မဟုတ်ဘဲ အခြားမြို့၏ ဆိပ်ကမ်းတွင် လှေရပ်ထားခြင်း ဖြစ်ပြီး ဤနေရာသို့ ချင်းယွမ်ကို တကူးတက လာရောက်ရှာဖွေကြခြင်း ဖြစ်သည်ဟု ပြောပြလာကြသည်။

မြစ်ရေပြင်က အေးခဲသွားသောကြောင့် ကုန်သည်အုပ်စုသည် မွေးရပ်မြေသို့ မပြန်နိုင် ဖြစ်သွား၍ စီနိုင်ငံသို့ စီးပွားရေး သွားလုပ်ချင်သည်မှာလည်း အမှန်ပင် ဖြစ်သည်။ စီ နိုင်ငံသို့ သွားရောက်၍ ရောင်းဝယ်ရန်မှာ မလွယ်ကူပေ။ အကြောင်းမှာ ထိုနေရာသည် နိုင်ငံသုံးခု၏ နယ်နိမိတ်ပေါ်တွင် ရှိနေလေပြီး နဂါးနှင့် မြွေများ ရောနှောသည့် နေရာဖြစ်သည်။ ထိုနေရာ၌ အသိမိတ်ဆွေ မရှိသော ကုန်သည်များ အနေဖြင့် စီးပွားရေး သွားလုပ်သည်မှာ ရှားပါးလေသည်။

ထို့ပြင် ထိုနေရာ၌ ပေါများကြွယ်ဝလှသော ဟင်းခပ်အမွှေးအကြိုင်များနှင့် ကျောက်ရိုင်းတုံးများကို ရွှေရောင်ဆံပင် မျက်လုံးပြာနှင့် ကုန်သည်များက ကူးသန်းရောင်းဝယ်ကြခြင်း ဖြစ်သည်။  သူတို့ပြောဆိုသည့် ဘာသာစကားမှာ ရှနိုင်ငံနှင့် ပတ်ပတ်လည်ရှိ နိုင်ငံများ၏ ဘာသာစကားနှင့် ကွဲပြား ခြားနားသောကြောင့် သူတို့အနေဖြင့် နားလည်နိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် သူတို့၏ ဘာသာစကားကို ဘာသာပြန်ရန်အတွက် လူများကို အထူးခေါ်ဆောင်သွားရပေလိမ့်မည်။ 

အရင်က ထိုနေရာရှိ ပစ္စည်းများသည် အမြတ်အစွန်းများစွာ ရရှိကြောင်း ကျင်းတနှင့် အခြားသူများ သိရှိထားကြသော်လည်း သူတို့သည် ထိုနေရာနှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိသောကြောင့် အလိမ်ခံရမည်ကို စိုးရိမ်၍ တစ်ခါမှ မသွားရောက်ခဲ့ကြပေ။ ယခုအခါ၌ သူတို့သွားရောက်ရန် ဆုံးဖြတ်ထားရသည့် အကြောင်းရင်းမှာ သူတို့နှင့်သိသော မိတ်ဆွေတစ်ယောက်က ထိုနေရာသို့ အကြိမ်ရေများစွာ သွားရောက်ဖူးပြီး ထိုသူကလည်း သူတို့နှင့်အတူ ပါလာသောကြောင့် ထိုနေရာဆီသို့ အတူတကွ သွားရောက်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြသည်။ 

 ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်Where stories live. Discover now