အပိုင်း ၁၀ - ရုပ်ဆိုးတဲ့အမှတ်
ချင်းယွမ် တည်းခိုရန်နေရာနှင့် အစားအသောက် အတွက် ဆွေးနွေးထားခဲ့ကြပြီး ဖြစ်သော်လည်း ယခု အခါ၌ လင်းသားအဖ သုံးယောက်သည် ချင်းယွမ် နှင့် အလျှင်အမြန် ရင်းနှီးလာကြသည်။ အထူးသဖြင့် သူသည် ကျိုးကောအာကို ကယ်တင်ရန်အတွက် အဖျားကျဆေး ထုတ်လာပေးသောကြောင့် သူ့၏ အပြုအမူက လူတိုင်း၏ သူ့အပေါ် သဘောထားအား ပိုမိုကောင်းမွန်သွားစေသည်။
ပန်းကန်ထဲရှိခေါက်ဆွဲသည် နေ့လည်က လင်းလောင်ကန် ပြန်သယ်လာသော ခေါက်ဆွဲများဖြစ်သည်။ ခေါက်ဆွဲများက ပွယောင်းကာ ပျော့ဖတ်နေပေပြီ။ အပူ ပြန်ပေးပြီးနောက် ခေါက်ဆွဲများက ပြတ်ထွက်သွားကာ ပမာဏ ကလည်း နည်းပါးသည်။ ပန်းကန်ထဲတွင် ခေါက်ဆွဲ ထက် အစိမ်းရောင်အသီးအရွက်များက ဖောဖောသီသီ ပါရှိလေသည်။
သို့ ဖြစ်စေကာမူ အသားငါးများကို လအနည်းငယ်ကြာမှသာ စားရပြီး ဂျုံနှံရောထားသည့် ဝူဝူထို့ကိုသာ စားလေ့ရှိသည့် ကျေးလက်မှလူများအတွက် ဆန်ဖြူခေါက်ဆွဲသည် သိပ်မရှားပါးသော်လည်း အလွန်တရာကောင်းမွန်၍ အရသာရှိသော အစားအသောက်ပင် ဖြစ်သည်။
သူက ဧည့်သည်တစ်ယောက် ဖြစ်သောကြောင့် လင်းအားမိုသည် သူ့ပန်းကန်ထဲသို့ တမင် ခေါက်ဆွဲများများ ထည့်ပေးခဲ့ခြင်း ဖြစ်သည်။ ပန်းကန်ထဲ၌ ဟင်းသီးဟင်းရွက်စိမ်းများဖြင့် ပြည့်လုနီးပါး ဖြစ်ပြီး ခေါက်ဆွဲမှာ အလှမျှသာ ပါကြောင်း ချင်းယွမ် သတိထားလိုက်မိသည်။ သို့သော် စွပ်ပြုတ်ရည်ကမူ ပေါကြွယ်ပေသည်။ ဝူဝူထို့ကို တွဲစားမည်ဆိုလျှင် ဤအစားအသောက်က အတော်အတန် ကောင်းမွန်နေပြီ ဖြစ်သည်။
"အစ်ကိုကြီးဝူ...ကျွန်တော်တို့ ကျေးလက်မှာ အစားအသောက်တော့ မကောင်းဘူး...အစ်ကို သဘောမကျတာမျိုး မဖြစ်ဖို့ မျှော်လင့်ပါတယ်"
လင်းလောင်ကန်ကလည်း ချင်းယွမ်ကို နှုတ်ဆက်လိုက်ကာ သူ့ပန်းကန်ထဲမှ ခေါက်ဆွဲအနည်းငယ်ကို ချင်းယွမ်၏ ပန်းကန်ထဲ ထည့်ပေးလိုက်ပြီးနောက် ခေါက်ဆွဲစွပ်ပြုတ်ကို ပါးစပ်အပြည့် စားသောက်လိုက်တော့သည်။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်
FantasyTitle - there is an apocalyptic man in the village ~အကျဥ်းချုပ်~ ကမ္ဘာပျက်ကပ်မတိုင်ခင် နေ့ရက်များ၌ ပြန်လည် မွေးဖွားလာခဲ့ပြီးနောက် ဝူချင်းယွမ်သည် ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် လုံခြုံသည့်နေရာတစ်ခုအား ရှာဖွေချင်ခဲ့ရုံမျှသာ...။ အရင်ဘဝမှ မှတ်ဉာဏ်မ...