အပိုင်း ၄၃

669 89 2
                                    

အပိုင်း ၄၃ - ကျောက်မီးသွေးများ ရောင်းချ၍ ငွေရှာခြင်း

လင်းမိသားစုဆီသို့ ချင်းယွမ် ပေးအပ်ခဲ့သည့် တင်တောင်းပစ္စည်းများသည် ရွာသားများကို အံ့အားသင့်သွားစေခဲ့သည်။ မိသားစု ကိစ္စများကို ဆောင်ရွက်ပြီး၍ ရွာခေါင်းဆောင် လင်းမိသားစု၏ အိမ်မှ ထွက်လာချိန်၌ ရွာသားများသည် စုဝေးလိုက်ကြပြီး တင်တောင်းပစ္စည်း ပမာဏကို မေးမြန်းလိုက်ကြသည်။ ရွှေတစ်လျန်နှင့် နှိုင်းယှဥ်နိုင်သော ငွေလျန်များနှင့် တင်တောင်းခြင်း ဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် သူတို့၌ မနာလိုအားကျစရာ နှလုံးသားပင် မရှိကြတော့ပေ။

ဘုရားရေ... ဤသည်မှာ ကောတစ်ယောက် မျှသာ ဖြစ်သည်။ တင်တောင်းပစ္စည်း ကို ဤမျှ သုံးစွဲသည် ဆိုပါက ငွေကြေး ဘယ်လောက်များများ ကုန်ကျလိမ့်မည်နည်း။ 

တရားဝင် ဇနီးမောင်နှံများ ဖြစ်လာသည့် အချိန်တွင်  မင်္ဂလာအရက်ကိုလည်း လူတိုင်းအား တိုက်ရပေလိမ့်မည်။ လျိုရှုရွာ၏ ထုံးတမ်းဓလေ့အရ သတို့သားဘက်မှ ကုန်ကျစရိတ် ကို စိုက်ထုတ်ရပေသည်။ မည်သည့်အချိန်မှစ၍ ကောတစ်ယောက်က ထိုမျှ အဖိုးတန် လာခဲ့သည်နည်း။

ရွာသားများက တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီး အချိန်ခဏမျှကြာသည်အထိ မနာလိုအားကျ ဖြစ်​​နေကြကာ  တစ်ချို့မှာ မုန်းတီးနေကြသည်။ မည်သို့ပင် ဖြစ်စေကာမူ ဝူမိသားစုက လင်းမိသားစု၏ ကောအပေါ် အလွန်ပင် တန်ဖိုးထားကြောင်းမှာ အမှန်တရား ပင် ဖြစ်သည်။

ရွာသားများက ထိုအကြောင်းကို မည်သို့ပင် တစ်ယောက်တစ်ပေါက် ပြောဆိုနေကြ စေကာမူ လက်ထပ်ပွဲ ကိစ္စအား ဆုံးဖြတ်ပြီးနောက် ချင်းယွမ်သည် မီးသွေးဖိုလုပ်ငန်း၌ သူ့၏အားအင်များကို အလျှင်အမြန် စိုက်ထုတ်လိုက်သည်။

ဤတစ်ခေါက်၌ ငွေကြေးများစွာ အသုံးပြုထားသောကြောင့် သူ့အနေဖြင့် ငွေကြေးရရှိရန် နည်းလမ်းကို ရှာဖွေရပေလိမ့်မည်။ သို့မဟုတ်ပါက သူ့၌ ဝင်ငွေ အနေဖြင့် ပြစရာ မရှိဘဲ ဖြစ်နေပေလိမ့်မည်။ 

ယခုအချိန်မှာ နိုဝင်ဘာလဖြစ်သောကြောင့် စတင်၍ အေးစက်စပြုလာပြီ ဖြစ်သည်။ နှင်းများ ကျဆင်းရန် သိပ်ကြာတော့မည် မဟုတ်သလို မြစ်ကလည်း အေးခဲသွားပေလိမ့်မည်။ မတ်လ ရောက်သည်အထိ အေးခဲ​ ကြမ်းတမ်းလှသော ဆောင်းရာသီက စတင်တော့မည် ဖြစ်ပြီး လူများစွာက နှစ်သက်ကြခြင်း မရှိပေ။

 ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်Where stories live. Discover now