အပိုင်း ၃၈ - ကျိုးကောအာ၏ လက်ထပ်ပွဲကိစ္စနှင့် မီးသွေးဖိုလုပ်ငန်း စတင်ခြင်း
ကြမ်းတမ်းသော ယောက်ျားသားတစ်ယောက်ဖြစ်သော ကျန်းတာ့ကျူး အနေဖြင့် ရှက်ရွံ့ခြင်းဆိုသည့်အရာကို သိရှိခြင်း မရှိပေ။ ယခုအခါ၌မူ ဝက်ဝံ ကဲ့သို့သော ခန္ဓာကိုယ်ဖြင့် သူသည် တုန်တုန်ယင်ယင်ဖြင့် မက်တပ်ရပ်နေလေသည်။ ထိုကဲ့သို့ ရှက်ရွံ့ နေခြင်းကို ချင်းယွမ်အနေဖြင့် ဖော်ပြရန် စကားလုံးပင် ရှာမတွေ့ချေ။
သို့သော်လည်း ကျိုးကောအာ မှလွဲ၍ မည်သူကမှ ကျန်းတာ့ကျူး ကို ဤကဲ့သို့သော တုံ့ပြန်မှုဖြစ်ပေါ်လာအောင် မလုပ်နိုင်ပေ။ ကျန်းတာ့ကျူး၏ အမေက သူ့ကိုရှာနေကြောင်း ပြောလာချိန်တွင် ချင်းယွမ် က သူ့တို့ဖြစ်ချင်သည့်အရာအား ခန့်မှန်းမိသွားသည်။ သူတို့မိသားစုသည် လက်ထပ်ပွဲကို ကမ်းလှမ်းချင်နေကြခြင်း ဖြစ်ရပေမည်။
အမှန်တကယ်လည်း ဤကိစ္စဖြစ်ပေသည်။ အဒေါ်ကျန့်သည် ချင်းယွမ်၏ အိမ်ပြောင်းခြင်းအား ကူညီပေးရန်အတွက် သူမ၏သားကို ခေါ်ဆောင်လာခြင်းအပြင် လက်ထပ်ပွဲ ကမ်းလှမ်းရန်အတွက်လည်း လာခဲ့ခြင်း ဖြစ်ပေသည်။ ဤကဲ့သို့သော နေ့ထူးနေ့မြတ်ကို အခွင့်ကောင်းယူ၍ သူမသည် သူမသား၏ လက်ထပ်ပွဲ အတွက် အလျှင်အမြန် သတ်မှတ်ချင်နေလေသည်။
အဒေါ်ကျန့်အတွက် သူမသား၏ လက်ထပ်ပွဲသည် ပြဿနာကြီးတစ်ခု ဖြစ်နေခဲ့သည်။ ကလေးနှစ်ယောက်သည် ယခုအချိန်ထိတိုင် နှောင့်နှေးနေခဲ့ရပြီး သူမသည်လည်း ထိုသို့ဖြစ်ရန် ဆန္ဒမရှိပေ။ ကျန်းတာ့ကျူးသည် မိသားစု၏ ဒုတိယသားဖြစ်ပြီး သူ့အောက်ရှိ ကောများနှင့် ညီမများက လက်ထပ်ပြီး ဖြစ်သော်လည်း သူကမူ ယခုအချိန်ထိ အခြေချနိုင်ခြင်း မရှိသေးပေ။
အမှန်၌ ကျိုးကောအာသည် ကြင်ဖက်ကောင်းတစ်ယောက်ဖြစ်သည်။ သူ့၏ ရုပ်ရည်အသွင်အပြင်က ချောမောပြီး သူမ၏ မိသားစုကလည်း ကောများနှင့် မိန်းကလေးများနှင့် ပတ်သတ်၍ ချေးများနေခြင်း မရှိပေ။ ကောတစ်ယောက်သည် ကလေးမွေးနိုင်ပြီး အလုပ်လုပ်နိုင်သော်လည်း ပြဿနာမှာ အဖွားကျိုးပင် ဖြစ်သည်။ သူတို့ အနေဖြင့် ငွေလျန်ဒါဇင်များစွာထုတ်ပေးမှသာ သူမက လက်ထပ်ပွဲကို သဘောတူပေးမည်ဟု ပြောခဲ့သည်။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်
FantasyTitle - there is an apocalyptic man in the village ~အကျဥ်းချုပ်~ ကမ္ဘာပျက်ကပ်မတိုင်ခင် နေ့ရက်များ၌ ပြန်လည် မွေးဖွားလာခဲ့ပြီးနောက် ဝူချင်းယွမ်သည် ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် လုံခြုံသည့်နေရာတစ်ခုအား ရှာဖွေချင်ခဲ့ရုံမျှသာ...။ အရင်ဘဝမှ မှတ်ဉာဏ်မ...