အပိုင်း ၁၂ - ကျောက်ဟိုင်ရှန်း
အဒေါ် ကြီးများ၏ စကားများမှတစ်ဆင့် ပြဿနာကို အတည်ပြုလိုက်ပြီးနောက် ချင်းယွမ်သည် မည်သို့ မည်ပုံဖြစ်ပျက်သွားသည်ကို ခပ်ရေးရေးသိရှိသွားသည်။ သူနေထိုင်ရာ ခေတ်သစ်ကမ္ဘာနှင့် ဤနေရာကြားတွင် အချိန်ကွာဟချက် ရှိိနေပေသည်။ ထို့ကြောင့် အဖိုးကျိုး၏ ညီလေးကို ရှာဖွေရမည့် အစီအစဥ်မှာ ရေရှည် အစီအစဥ် ဖြစ်သွားပေလိမ့်မည်။
အဒေါ်ကြီးများ၏ အငြင်းပွားသံများကို နားထောင်ရင်း ၂ နာရီမျှ လမ်းလျှောက်ပြီးနောက် မြို့သို့ ရောက်ရှိသွားသည်။
" အစ်ကိုကြီးဝူ...ဆေးဝယ်တဲ့ အခါကျရင် ကျွန်တော် အစ်ကိုနဲ့ မလိုက်နိုင်တော့ဘူး...ကျွန်တော်တို့မြို့က သိပ်လည်းမကြီးပါဘူး...အဲ့တာကြောင့် အစ်ကို စိတ်ကြိုက် လှည့်ပတ် ကြည့်လို့ရတယ်...မစိုးရိမ်ပါနဲ့...ကျွန်တော် ဆေးဝယ်ပြီးတဲ့အခါကျရင် အစ်ကို့ကို ဆေးဆိုင်ရှေ့က စောင့်နေပါမယ်...အစ်ကို စျေးဝယ်ပြီးတဲ့ အခါကျရင် ကျွန်တော့ဆီ လာခဲ့ပေါ့...နွားလှည်း ပြန်ရောက်လာတဲ့ အခါကျရင် ကျွန်တော်တို့ ဦးလေးလီနဲ့ လိုက်သွားလို့ရတယ်..."
လင်းအားမိုသည် သူ့ကို ဂရုတစိုက် ရှင်းပြလိုက်ပြီးနောက် ဆေးဆိုင်ဆီသို့ အလျင်စလို ထွက်ခွာသွားသည်။ သူ့၏ ချောမွေ့သော နောက်ကျောပြင်ကို ကြည့်ရင်း ချင်းယွမ် ပြုံးလိုက်ကာ လမ်းမများဆီသို့ လျှောက်ပတ် ကြည့်ရှုလိုက်သည်။
သူသည် အဖိုးကျိုးဆီမှ ဤကမ္ဘာအကြောင်းကို များစွာသိရှိခဲ့ရသော်လည်း ဤသည်မှာ အခြေခံ အချက်အလက်မျှသာ ဖြစ်သည်။ အဖိုးကျိုးသည် သူ့အား အရာအားလုံးကို ပြောပြ နိုင်ခဲ့ခြင်း မရှိပေ။ သူသည် ရှီချောင်မြို့ အနီး၌ အခြေချမည် ဖြစ်သောကြောင့် ဤနေရာအကြောင်းကို များစွာ သိရှိထားရန် လိုအပ်ပေသည်။ သူသည် ပတ်ဝန်းကျင် ၊ဓလေ့ ထုံးတမ်း၊စျေးနှုန်းများနှင့် ရှောင်ကျဥ်ရမည့် အရာများကို သိရှိထားရန် လိုအပ်ပေသည်။
လင်းအားမို ပြောသကဲ့သို့ပင် ရှီချောင်မြို့တစ်မြို့လုံးသည် သိပ်မကြီးလှပေ။ ထို့ကြောင့် ချင်းယွမ်သည် တစ်နာရီနီးပါး အချိန်အတွင်း တစ်မြို့လုံးသို့ ကြည့်ရှုပြီးသွားသည်။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်
FantasíaTitle - there is an apocalyptic man in the village ~အကျဥ်းချုပ်~ ကမ္ဘာပျက်ကပ်မတိုင်ခင် နေ့ရက်များ၌ ပြန်လည် မွေးဖွားလာခဲ့ပြီးနောက် ဝူချင်းယွမ်သည် ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် လုံခြုံသည့်နေရာတစ်ခုအား ရှာဖွေချင်ခဲ့ရုံမျှသာ...။ အရင်ဘဝမှ မှတ်ဉာဏ်မ...