အပိုင်း ၃၁

678 111 6
                                    

vote 3K ပြည့် အထိမ်းအမှတ် 🥳❤️

အပိုင်း ၃၁ - ထိုက်တန်သော အဆုံးသတ် 

ရမန် ရဲမက်များသည် ဤကိစ္စများကို လုပ်ဆောင်ရာ၌ မောက်မာဝင့်ကြွားသည့် အကျင့်စရိုက် ရှိသူများဖြစ်သည်။ သူတို့သည် ရွာတံခါးဝသို့ ရောက်ရှိသွားသည့် အချိန်တွင် အကြောင်းရင်း ရှင်းပြခြင်း မရှိဘဲ ရွာခေါင်းဆောင်အား ကျောက်မိသားစုကို သူတို့ထံ အပ်ရန် ပြောဆိုလိုက်ကြသည်။ 

ရွာထဲရှိလူများသည် သာမန်လူများဖြစ်ကြပြီး အစိုးရ ရဲမက်များ ကို သူတို့ အကြောက်ဆုံး ဖြစ်ကြသည်။ ကျန့်ရယဲ့နှင့် သူ့လူများ၏ ခက်ထန်သော အမူအယာကြောင့် လူတိုင်းသည် ကြောက်ရွံနေကြပြီး အသက်ပင် ပြင်းပြင်း မရှူရဲကြပေ။ သူတို့ရောက်ရှိလာသည့် သတင်းကို ကြားသိသွားသည့် ရွာခေါင်းဆောင်သည်လည်း တုန်လှုပ်သွားလေပြီး ကျောက်မိသားစု ရှိလူများကို သွားရှာရန် လူများအား ညွှန်ကြားလိုက်လေသည်။ သူတို့၌ မည်သည့်အရာများ လုပ်စရာ ရှိနေစေကာမူ အမြန်လာရောက်ရန် ညွှန်ကြားလိုက်သည်။ 

" အရာရှိတို့...လျိုရှုရွာ ကို ဘာကိစ္စရှိလို့ ရောက်လာကြတာပါလဲ...ကျွန်တော် တို့ ရွာထဲမှာရှိတဲ့ ရွာသားတွေက အကုန် လူကောင်းတွေပါ..."

ရွာခေါင်းဆောင်သည် ဉာဏ်ရှိသော လူတစ်ယောက်ဖြစ်ပြီး ရမန် ရဲမက်များအား ရိုသေစွာဖြင့် နှုတ်ဆက်လိုက်လေသည်။ သို့သော် သူ့၏ စိုးရိမ်ပူပန်မှုမှာမူ ပတ်ပတ်လည်ရှိ ရွာသားများထက် လျော့ကျနေခြင်း မရှိပေ။ 

ရွာသားများက သူ့ကို သတင်းပို့လာသည့် အချိန်တွင် ရမန်ရဲမက်များ က ကျောက်မိသားစု အား လာခေါ်ခြင်း ဖြစ်ကြောင်း သူသိလိုက်ရသည်။ သူတို့က အကြောင်းအရာ ကို တိတိကျကျ ပြောဆိုခြင်း မရှိသော်လည်း ရဲမက်များ က အလွန်တရာ ခက်ထန်နေသောကြောင့် ကောင်းသည့် အရာ ဖြစ်ဟန်မရပေ။

တစ်စုံတစ်ယောက်က ပြစ်မှုကို ကျူးလွန်ခဲ့ပါက သူသည် တက်တက်ကြွကြွဖြင့် ရဲမက်များထံ ထိုသူအား အပ်နှံမည် ဖြစ်သည်။ အဆုံး၌ မည်သူကမှ အစိုးရ အရာရှိများ ကို ဆန့်ကျင်နိုင်ခြင်း မရှိကြပေ။ သို့သော် ကျောက်မိသားစု ကမူ သူနှင့် အနည်းငယ် ဆွေမျိုးတော်နေသောကြောင့် ရွာခေါင်းဆောင်မှာ တုံ့ဆိုင်းနေပေသည်။ သူတို့၏ တော်စပ်မှုကြောင့် သူ့၏ ဆွေမျိုးများကို ဂရုစိုက်ရပေလိမ့်မည်။

 ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်Where stories live. Discover now