အပိုင်း ၂၈ - နှလုံးသားဆီမှ နှစ်သိမ့်မှု
လင်းအားမိုသည် အလွန်တရာ တက်ကြွသွက်လက်သော်လည်း သူသည် ဝမ်းနည်းတတ်သောသူ မဟုတ်ဟု မဆိုလိုပေ။
လင်းကောအာသည် သူ့၏ ရုပ်ရည် မလှပခြင်းအတွက် နှစ်သိမ့်ရန် အကြောင်းပြချက်များစွာကိုသာ အသုံးပြုလေ့ရှိခဲ့သည်။ အခြားနေရာများ၌ ကောင်းမွန်နေသရွေ့ လူအချို့က သူ့ကို နှစ်သက်ပေလိမ့်မည်။ ယခုအခါ၌ ကျောက်မိသားစု၏ အပြုအမူအရ သူသိလိုက်ရသည်များကြောင့် မီးတောက်ပေါ်သို့ ရေအေးတစ်ခွက် လောင်းချလိုက်သည့်နှယ် သူ၏မျှော်လင့်ချက်များသည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပေသည်။
ချင်းယွမ်က သူ့အခန်းတံခါးကို ခေါက်လိုက်ချိန်တွင် လင်းကောအာသည် တံခါးကို လာဖွင့်ပေးလိုက်ပြီး သူ့၏ အမြဲတစေ ပြုံးနေတတ်သော မျက်နှာတွင် မျက်လုံးများက နီရဲနေပေသည်။
" အစ်ကိုကြီးဝူ...ဘာကိစ္စရှိလို့လဲ..."
သူ့၏ အသံသည်ပင် အနည်းငယ် တိမ်ဝင်နေပေသည်။
" ဆေးပင်တွေက အဆင်သင့် ဖြစ်သွားပြီ...ကိုယ်မင်းရဲ့မျက်နှာကို ကုသပေးမလို့..."
ချင်းယွမ်သည် သူ့၏လက်ကို မြှောက်ပြ၍ စိမ်းနက်ရောင် ဆေးရည်များဖြင့် တစ်ဝက်မျှ ပြည့်နေသော ပန်းကန်လုံးနှင့် ရေပုံးတို့ကို ပြကာ အခန်းထဲသို့ ဝင်ရောက်နိုင်ရန် ဆင်ခြေအနေဖြင့် သုံးလိုက်သည်။
အရင်ကသာ ချင်းယွမ်က သူ့၏မျက်နှာကို ကုသပေးမည့် အကြောင်းအား ကြားမည်ဆိုလျှင် လင်းကောအာသည် ပျော်ရွှင်မှုကြောင့် ခုန်ပေါက်နေပေ လိမ့်မည်။ သို့သော် ဤအခိုက်အတန့်၌မူ ပျော်ရွှင်ခြင်း မရှိဘဲ သူ့၏စိတ်ဓာတ်သည်လည်း ကျဆင်းနေပေသည်။ လူတစ်ယောက်က မပျော်ရွှင် နေသည့် အခြေအနေတွင် သူ့၏စိတ်အခြေအနေကို ကောင်းမွန်အောင် လုပ်ရန် ခက်ခဲပေသည်။
သူ့၏ ရုပ်ရည် အသွင်အပြင်က ပိုပြီးကောင်းမွန်လာလျှင်ပင် လူတိုင်းက သူ့၏ မကောင်းသည့် အရာတစ်ခုခုကို ရှာဖွေတွေ့ရှိနေမည်သာ ဖြစ်သည်။ ထိုသို့ မဟုတ်လျှင် အဘယ်ကြောင့် ငယ်ရွယ်လှပသော မိန်းကလေးများနှင့် ကောများအား လက်ထပ်ထားခဲ့ဖူးသူ အဖိုးကြီးများသည် အိုမင်းလာသည့် အချိန်တွင် ထိုသူများကို မချစ်ခင် မနှစ်သက်တော့သည်မျိုး ဖြစ်လာရသည်နည်း။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်
FantasyTitle - there is an apocalyptic man in the village ~အကျဥ်းချုပ်~ ကမ္ဘာပျက်ကပ်မတိုင်ခင် နေ့ရက်များ၌ ပြန်လည် မွေးဖွားလာခဲ့ပြီးနောက် ဝူချင်းယွမ်သည် ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် လုံခြုံသည့်နေရာတစ်ခုအား ရှာဖွေချင်ခဲ့ရုံမျှသာ...။ အရင်ဘဝမှ မှတ်ဉာဏ်မ...