အပိုင်း ၃၂

688 93 6
                                    

အပိုင်း ၃၂ - နောက်ဆက်တွဲ

ချင်းယွမ် သည် ဤနေရာသို့ အချိန်ကူးပြောင်းလာခဲ့သည်မှာ သိပ်မကြာသေးပေ။ သူပြန်လည် မွေးဖွားလာပြီး နောက်ပိုင်း ကုန်ဆုံးခဲ့သည့် အချိန်မှာ နှစ်လမျှသာ ရှိသေးပေသည်။ ဤအချိန်အတောအတွင်း သူသည် ကိစ္စများစွာဖြင့် အလုပ်ရှုပ်နေခဲ့ပြီး ဤနေရာရှိ စကားလုံးများကို သင်ယူရန် အချိန်မရသော်လည်း တောင်းပန်စာ ရေးသားရန်အတွက်မူ ခက်ခဲခြင်း မရှိပေ။ 

သူသည် ရိုးရာစကားလုံးမဟုတ်သည့် ရိုးရှင်းသော စကားလုံးများကို ရေးသားနိုင်ပြီး မည်သို့ စာဖတ်ရမည်ကို သိရှိသော လင်းထျန်းပေါင်ကလည်း ထိုစာလုံးများကို ကူညီ၍ ဘာသာပြန်ပေးခဲ့ပေသည်။ ကျောက်မိသားစု အတွက် တောင်းပန်စာ တစ်ခု ပြင်ဆင်ရန်မှာ ခက်ခဲခြင်း မရှိပေ။ ထို့ကြောင့် ထိုစုံတွဲအား တောင်းပန်စာ ရေးပေးရန်အတွက် များစွာ အားမထုတ်လိုက်ရပေ။ ထိုတောင်းပန်စာဖြင့် ဆိုပါက ကျိုးကောအာ နှင့် လင်းကောအာ ၏ ဂုဏ်သတင်း ကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောနိုင်ပေလိမ့်မည်။ 

တောင်းပန်စာ၏ အကြောင်းအရာအတွက်မူ ချင်းယွမ်သည် ရှေးခေတ်မှ လူတစ်ယောက်မဟုတ်သောကြောင့် မည်သည့်အရာကိုမျှ မရေးသားနိုင်လျှင်ပင် ခေတ်သစ်ကာလ၌ စာအုပ်များကို ဖတ်ရှုဖူးခဲ့သည်။ ထို့ကြောင့် ရွာသားများ နားလည်လွယ်သော စကားအသုံးအနှုန်းများကို ရေးသားရန် အဆင်ပြေပေသည်။

လျိုရှုရွာထဲရှိ ရွာသားများသည် နှစ်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့ကြပြီး လျိုရှုရွာသည်လည်း နှစ်တစ်ရာကျော် သက်တမ်းရှိသည့် ရွာတစ်ရွာ ဖြစ်သည်။ အရင်က ရွာထဲ၌ အမှားအမှန် ခွဲခြား၍ရသော ကောလဟာလ ဟူ၍ မရှိခဲ့ပေ။ သို့သော် ဤတစ်ခေါက် တွင်မူ တစ်စုံတစ်ယောက်က အမှားအမှန် ကို ခွဲခြားရန်အတွက် အစိုးရ တရားရုံးထံ သွားရောက်ခဲ့သည့် ပထမဆုံးအကြိမ် ဖြစ်သည်။ ထို့ကြောင့် ရွာတစ်ရွာလုံး၏ ရှေ့၌ တောင်းပန်မှု ပြုလုပ်ခြင်းသည်လည်း ပထမဆုံးအကြိမ် ဖြစ်လေ၏။ 

ဤကိစ္စ၌ အစိုးရ အရာရှိများ ပါဝင်နေသောကြောင့် လူတိုင်းသည် ကိစ္စကြီးတစ်ခုလို ခံစားကြရပြီး သူတို့သည် အလွန်တရာ အထက်တန်းကျသည့် မဖော်ပြနိုင်သော စိတ်လှုပ်ရှားမှုကိုလည်း ခံစားလိုက်ကြရသည်။ လူထုရှေ့၌ ကျောက်မိသားစု၏ ရှင်းပြမှုနှင့် တောင်းပန်မှု တို့သည်လည်း တစ်ခါမှ မမြင်ဖူးသောကြောင့် မှော်ဆန်နေပေသည်။ 

 ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်Where stories live. Discover now