အပိုင်း ၇

1.1K 175 5
                                    

အပိုင်း ၇ -ရွာအဝင်ဝတွင် ရုတ်ရုတ်သဲသဲ ဖြစ်ခြင်း

ချင်းယွမ် လင်းလောင်ကန်ကို အကူအညီတောင်းရန် ဆုံးဖြတ်ခဲ့ရသည့် အကြောင်းအရင်းမှာ လင်းလောင်ကန် သည် ယုံကြည်ရသောကြောင့်ဖြစ်သည်။

ကမ္ဘာပျက်ကပ် မဖြစ်ခင်ကဖြစ်စေ ဖြစ်ပြီးနောက်၌ ဖြစ်စေ သူ့၌ အတွေ့အကြုံများစွာ ပိုင်ဆိုင်ထားသည်။ လင်းလောင်ကန် က မည်သို့သော သူမျိုး ဖြစ်သည်ကို ခဏမျှ ပြောဆိုဆက်ဆံရုံဖြင့် သိနိုင်သည်။ ခေါက်ဆွဲများကို ဝါးကျည်တောက်ထဲ ထည့်၍  အိမ်သို့ပြန်သယ်သွားနိုင်သော ရွာသားတစ်ယောက်သည် လူပျင်းတစ်ယောက်ဖြစ်မည် မဟုတ်ပေ။ သူ့၏ လုပ်နိုင်စွမ်းက များစွာမြင့်မားလှမည် မဟုတ်သော်လည်း ယုံကြည်ရသူ ဖြစ်သည်။

ရန်ချွမ်း ခေါက်ဆွဲ တစ်ပန်းကန်နှင့် စရံငွေ ကြေးပြား တစ်တွဲကို ရရှိပြီးနောက် လင်းလောင်ကန် ၏ မျက်နှာသည် အပြုံးများဖြင့် ပြည့်နှက် သွားသည်။ ကြေးပြားများကို အိတ်ထဲသို့ ထည့်လိုက်ရင်း ချင်းယွမ်ဆီမှ နောက်ထပ် အချက်အလက် များနှင့် မည်သည့်နေရာ၌ ရှာဖွေရမည်ကို စတင်မေးမြန်းလိုက်သည်။

ဤတစ်ခေါက်၌ ချင်းယွမ်သည် မေးခွန်းများ မေးမြန်းခြင်းအတွက် ခေါက်ဆွဲနှင့် ကြေးပြားများကို ရက်ရက်ရောရော ပေးခဲ့သော်လည်း သူ့၌ ငွေကြေးများစွာမရှိတော့ပေ။

သူ့၏ နေရာလွတ်ထဲတွင် ရွှေချောင်းများစွာရှိသော်လည်း အချိန်တစ်ခုကြာသည် အထိ ထုတ်ယူရန် မလွယ်ကူပေ။ ရွှေချောင်း၏ အရွယ်အစားမှာ မသေးငယ်လှသောကြောင့် ဤမြို့ငယ်လေး၌  ရွှေချောင်းတစ်ချောင်း ထုတ်ရုံဖြင့် အန္တရာယ်ကို အလွယ်တကူ ဆွဲဆောင်နိုင်ပေလိမ့်မည်။ ယခု သူ့၌ ရှိနေသော ငွေစများမှာ သင်္ဘောပေါ် ရှိနေစဥ်က ရရှိခဲ့သော ငွေများဖြစ်သည်။ သူတို့သည် သူ့၏ အကူအညီအတွက် ကျေးဇူးတင်သည့် အနေဖြင့် ပေးခဲ့ခြင်း ဖြစ်ပြီး သူဝတ်ဆင်ထားသော အဝတ်အစားများကိုလည်း သူတို့ကပင် ပေးခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် သူ့၌ ငွေအချို့ မရှိခင် တည်းခိုခန်း၌ နေထိုင်နိုင်မည် မဟုတ်ပေ။ 

 ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်Where stories live. Discover now