အပိုင်း ၅၄

229 45 0
                                    

အပိုင်း ၅၄ - ချင်မိသားစု ဒေါသထွက်ခြင်း

ဤနေရာရှိ ငှားရမ်းမြေ၏ ပုံမှန် အခြေအနေအရ နှစ်စဥ် ရိတ်သိမ်းမှု ပမာဏသည် လယ်မြေ၏အရွယ်အစားအပေါ် မူတည်၍ သုံးလျန်မှ ခုနှစ်လျန်အထိ အမျိုးမျိုး ရှိပေသည်။ သို့သော်လည်း အမှန်တကယ်၌ ချမ်းချမ်းသာသာ နေထိုင်နိုင်ရန်အတွက် သူတို့၏လယ်မြေများအပေါ် မှီခိုနေရသော မြေရှင်အများစုသည် လူ့အသိုင်းအဝိုင်း၏ အောက်ဆုံးရှိ ကျေးလက်ဆင်းရဲသားများဆီမှ ရနိုင်သမျှ အရာအားလုံးကို ညှစ်ထုတ်ရန် ကြိုးစားခဲ့ကြသည်။ ငှားရမ်းခ အနေဖြင့် ဆန်စပါး ပေးရသည့်အပြင် ရွာသားများသည် တစ်ဧကလျှင် ငှားရမ်းခ ကြေးပြားနှစ်ရာ ပေးဆောင်ရသည်။ 

ထိုကြေးပြားနှစ်ရာကို လျှော့တွက်၍ မရပေ။ လူတိုင်းသည် မြေတစ်ဧက ကို ရိတ်သိမ်းပြီးနောက် ပျမ်းမျှအနေဖြင့် နှစ်လျန်အထိ ရရှိ​ကြသည်။ မိသားစုထဲရှိ လူတိုင်းသည် နှစ်တစ်နှစ်လုံးနီးပါး ထိုငွေလေးဖြင့် ရှင်သန်နေထိုင်ကြရသည်။ ထို့အပြင် သူတို့ကလေး၏ ခန်းဝင်ပစ္စည်းများ ပေးအပ်ရန်နှင့် သူတို့၏အိမ်များကို ပြင်ဆင်ရန်အတွက်လည်း အိမ်များကို ပြင်ဆင်ကြရသည်။ ထို့ကြောင့် မြေတစ်ဧကလျှင် ကြေးပြားနှစ်ရာ ကောက်ခံခြင်းသည် သေချာပေါက် ဖိနှိပ်ချုပ်ခြယ်ခြင်းပင် ဖြစ်သည်။

 ယခုအခါ၌ ချင်းယွမ်သည် ငှားရမ်းခ အနေဖြင့် ဆန်စပါး ကိုသာ ကောက်ခံရုံသာမက တစ်ဧက၏ထွက်နှုန်းက ငွေလျန်သုံးလျန် မရရှိလျှင် ငှားရမ်းခ ကို ဖယ်ရှားပေးမည်ဟု ကတိပေးခဲ့သည်။ သူက ထိုသို့ ငှားရမ်းခကို လျှော့ချပေးခြင်းသည် ကောင်ကင်ပေါ်မှ ကျလာသော ပိုင်မုန့်တစ်လုံးနှယ် ကောင်းမွန်သည့် ကိစ္စတစ်ရပ်ဖြစ်သည်။ လယ်မြေက ကောင်းမွန်နေသရွေ့ ထိုကိစ္စကို ထည့်သွင်းတွက်ချက်၍ ရပေသည်။ 

ချင်းယွမ် ကလည်း အရာရှိများကို သက်သေထား၍ စာချုပ်တစ်ခု ကို ရေးသားခဲ့သောကြောင့် ရွာသားများသည် သံသယ မရှိသလို စိုးရိမ်ပူပန်မှုလည်း မရှိကြပေ။ သူတို့က တစ်ယောက်ပြီးတစ်ယောက် အားမို၏ရှေ့တွင် အလျှင်အမြန် တန်းစီကာ လယ်မြေကို ငှာရမ်းလိုက်ကြသည်။ သူတို့သာ နောက်ကျသွားမည်ဆိုလျှင် အခြားသူများ ငှားရမ်း၍ ကုန်ဆုံးသွားမည်ကို စိုးရိမ်နေကြသည်။ စုစုပေါင်း စွန့်ပစ်မြေ တစ်ရာခြောက်ဆယ့်ရှစ် ဧကသာ ရှိသောကြောင့် ငှားရမ်းပြီးနောက်တွင် ငှားစရာ ရှိတော့မည် မဟုတ်ပေ။

 ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်Where stories live. Discover now