အပိုင်း ၄၁ - လင်းလောင်ကန်က ' လူယုတ်မာ 'ကိုဖမ်းမိခြင်း
လွန်ခဲ့သည့် နှစ်များစွာ ကတည်းက လင်းလောင်ကန်သည် ဘဝတစ်လျှောက်လုံးတွင် သူ့၏ ကလေးနှစ်ယောက်ကိုသာ ဂရုအစိုက်ဆုံးနှင့် အစိုးရိမ်ဆုံး ဖြစ်ခဲ့ပေသည်။ အထူးသဖြင့် မလွယ်ကူသော အနာဂတ်ရှိသူ လင်းအားမိုကိုပင် ဖြစ်သည်။
သူ့၏ကောက အလွန်တရာ ဉာဏ်ကောင်းပြီး အစွမ်းအစရှိကြောင်း လင်းလောင်ကန် သိရှိထားသည်။ လင်းကောအာသည် လမ်းလျှောက်တက်စ ကတည်းက မီးဖိုချောင်သို့ သစ်ကိုင်းခြောက် ငယ်လေးဖြင့် အပြေးလာ၍ ချက်ပြုတ်ရန် ကူညီပေးတတ်သည်။ ထို့ပြင် လယ်ကွင်း၏ အစွန်းသို့ ခြေထောက်တိုလေးများဖြင့် လာရောက်၍ မြက်ပင်များကို ဆွဲနှုတ်ပေးတတ်ခဲ့သည်။
အနည်းငယ် ကြီးလာသည့် အချိန်တွင် လယ်ကွင်းထဲသို့ လာရောက်ကာ စတင်ကူညီလာလေပြီး လင်းလောင်ကန်၏ ဇနီး ထွက်ပြေးသွားပြီးနောက်ပိုင်း၌ အားမိုသည် သိတတ်နားလည်စွာဖြင့် သူ့၏ညီလေးကို ဂရုစိုက်ပေးခဲ့သည်။ ထိုအချိန်က အားမို၏ အသက်သည် ဆယ့်တစ်နှစ် သို့မဟုတ် ဆယ့်နှစ်နှစ်သာ ရှိသေးသည်။ သူက ဖွံဖြိုးနေဆဲ ကလေးတစ်ယောက်သာ ဖြစ်ပြီး သေးငယ်လှသော ခန္ဓာကိုယ်လေး၏ နောက်ကျော၌ သူ့၏ညီလေးကို သယ်ဆောင်ကာ ရှေ့ဘက်၌ ခြင်းတောင်းများကို ကိုင်ဆွဲထားခဲ့သည်။ သူ့၏ လက်နှစ်ဖက်လုံးဖြင့် လေးလံသော ထင်းချောင်းများကို ဆွဲလာခဲ့ရသော်လည်း ထိုကောင်လေးသည် တစ်ခါမှ ပြဿနာရှာခြင်း မရှိသလို သူ့၏အမေ မရှိတော့သောကြောင့် ငိုကြွေးခြင်းလည်း မရှိပေ။ လင်းကောအာက အလွန်ပင် သိတတ်လှပေသည်။
ထိုအချိန်က လင်းလောင်ကန်သည် အလွန်ပင် စိတ်မသက်မသာ ဖြစ်ခဲ့ရပေသည်။ သူကသာ အသုံးမကျခြင်း မဟုတ်ခဲ့လျှင် သူ့၏ဇနီးက အခြားသူများနှင့် လိုက်ပါသွားလိမ့်မည် မဟုတ်ဘဲ သူ့၏ကလေးကလည်း ဤသို့ ခံစားရမည် မဟုတ်ပေ။
အားမိုသည် သူ့၏ အသုံးမကျသော အဖေကြောင့် ဆင်းဆင်းရဲရဲ နေထိုင်ခဲ့ရသည်။ ကောတစ်ယောက်က စျေးပေါပေါဖြင့် လက်ထပ်ရသည့်အပြင် သူ့၏ပေါကလည်း ဤသို့ဖြစ်နေသောကြောင့် ဘဝတစ်လျှောက်လုံးတွင် နာကျင်ခံစားရရန် ကံပါလာခဲ့ရသည်။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်
FantasyTitle - there is an apocalyptic man in the village ~အကျဥ်းချုပ်~ ကမ္ဘာပျက်ကပ်မတိုင်ခင် နေ့ရက်များ၌ ပြန်လည် မွေးဖွားလာခဲ့ပြီးနောက် ဝူချင်းယွမ်သည် ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် လုံခြုံသည့်နေရာတစ်ခုအား ရှာဖွေချင်ခဲ့ရုံမျှသာ...။ အရင်ဘဝမှ မှတ်ဉာဏ်မ...