အပိုင်း ၂၅

724 106 0
                                    


Word count- 7183 words(Full chapter)

အပိုင်း ၂၅.၁ - မီးသွေးဖို

ရှေးခေတ်၌ဖြစ်စေ ခေတ်သစ်၌ဖြစ်စေ တစ်စုံတစ်ယောက်ကို တောင်းဆိုသည့်အခါ၌ တွေ့ဆုံခြင်းလက်ဆောင်သည် အရေးပါလှပြီး ကိစ္စများကိုဆွေးနွေးရာ၌ လွယ်ကူစေပေသည်။ ချင်းယွမ်က ဤအမှန်တရားကို နားလည်ထားပေ၏။

သို့သော်ကျန်းမိသားစုသည် ချင်းယွမ် တွေ့ဆုံခြင်းလက်ဆောင်ကို ပေးလိုက်သည့်အချိန်တွင် အံအားသင့်သွားကြသည်။ ဝက်သား၊ သရေစာအချိုမုန့်အပြင် ဆီတစ်အိုးတို့သည် အလွန်ပင်များပြားလှသည်။ အကြောင်းမှာ ရွာသားများ၏ ပုံမှန် တွေ့ဆုံခြင်းလက်ဆောင်မှာ ကိတ်မုန့် နှင့် သစ်သီးတစ်အိတ်မျှသာဖြစ်သည်။ မိသားစုက သူ့အကြောင်းကိုပြောဆိုနေကြချိန်တွင် နတ်ဆိုးအကြောင်းပြောနေစဉ် နတ်ဆိုးရောက်လာသည် ဆိုသည့်နှယ် သူကပစ္စည်းပေါင်းများစွာကို သယ်၍ ရောက်ရှိလာသည်။ အဘယ်ကြောင့် ထိုသို့ရောက်ရှိလာသည်ကို သူတို့ မသိရှိကြပေ။

သို့သော် ခြံဝန်းထဲရောက်လာပြီးနောက်၌ သူတို့သည် ဤအတိုင်း ရပ်ကြည့်မနေနိုင်ပေ။ အဒေါ်ကျန်းသည် သူမ၏ နဖူးအထက်ရှိ ချွေးများအားသုတ်လိုက်ပြီး ပစ္စည်းများကို ယူလိုက်ခြင်းမရှိပေ။ သူမက ဘေးရှိ သူမ၏ ညီမကို အလျှင်အမြန် တွန်းတိုက်လိုက်ပြီးနောက် ချွေးမများကိုရေတွင်းထဲရှိ ဖရဲသီးကို ထုတ်ယူ၍ ဧည့်သည်များအား ဧည့်ခံရန်ပြောလိုက်လေသည်။ ဤနေရာ၌ ဖရဲသီးသည် ရှားပါးလှခြင်းမရှိသော်လည်း ဈေးမချိုလှပေ။ ဤသည်မှာ ဧည့်သည်များကို ကြိုဆိုရာ၌ ရက်ရောလှသည်ကိုဆိုရမည်။

“မောင်လေးဝူ လား…ဘာကိစ္စရှိလို့လဲဟင်”

အဒေါ်ကျန်းသည် လက်ဆောင်ကို လက်မခံခဲ့သောကြောင့် ချန်မိသားစုကလည်း ဤအတိုင်းလက်ခံခဲ့ခြင်းမရှိပေ။ ထိုကဲ့သို့သော များပြားသည့်လက်ဆောင်ကို လက်ခံရန် မလွယ်ကူလှသောကြောင့်ဂရုတစိုက်မေးမြန်းလိုက်ကြသည်။ 

အိမ်ရှင်ကပစ္စည်းများကို ယူဆောင်ခြင်းမရှိသောကြောင့် ချင်းယွမ်သည် အတင်းအကြပ်ပေးမနေဘဲ ခေါင်းငြိမ့်ပြကာ ပစ္စည်းများကို ဘေးသို့ ဖယ်ထားလိုက်သည်။ ထို့နောက် လင်းလောင်ကန်ပြောသော မီးသွေးဖို ဝယ်ယူရန်ကိစ္စအတွက် လင်းလောင်ကန်အား ကြည့်လိုက်လေသည်။ ထိုမှသာ သူ့အနေဖြင့် ဈေးနှုန်းကိုဆက်လက်ဆွေးနွေးနိုင်မည်ဖြစ်သည်။

 ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်Where stories live. Discover now