အပိုင်း ၄၈

359 48 0
                                    

အပိုင်း ၄၈ - အချစ်စာလွှာများ

ချင်းယွမ်က အားမိုကို လွမ်းဆွတ်၍ ရွာသို့ စာလွှာများ ပေးပို့နေစဉ်တွင် ရွာ၌ ကျန်နေခဲ့သော အားမိုသည်လည်း ချင်းယွမ်၏ အကြောင်းကိုသာ တွေးတောနေခဲ့သည်။ 

ယခင်က သူသည် ချင်းယွမ် မရှိဘဲ ကြီးပြင်းလာခဲ့ရသော်လည်း ချင်းယွမ်နှင့် သိရှိပြီးနောက်၌ ရက်အနည်းငယ်မျှ မတွေ့ရသည့် အခါတွင် သူသည် ရွာထဲ၌ အရင်ကကဲ့သို့ ပျော်စရာ မကောင်းတော့သလို ခံစားခဲ့ရသည်။ အစားအသောက်များကလည်း အရသာ မရှိတော့သလို အိပ်စက်ရာ၌လည်း သက်တောင့်သက်သာ မရှိတော့ဘဲ ည၌ အိပ်ပျော်နိုင်ခြင်း မရှိပေ။ သူသည် နံရံပေါ်တွင် ရေးခြစ်ထားသော တုတ်ချောင်းပုံများကို ကြည့်ရင်း ချင်းယွမ် ပြန်လာမည့်ရက်အား တွက်ချက်တွေးတောနေလေ့ ရှိပေသည်။ အစ်ကိုကြီးဝူက ​မည်သည့်အချိန်၌ ပြန်ရောက်လာလိမ့်မည်နည်း။ 

သို့သော်လည်း ကံကောင်းစွာဖြင့် သူ့အား မကြာခဏ ဆိုသလို လာရောက် အဖော်ပြုပေးတတ်သော ကျိုးကောအာ ရှိနေပေသည်။ ထို့ပြင် အားမိုက သူ့၏ ကိုယ်ပိုင် မင်္ဂလာ ဝတ်စုံကို စတင် ချုပ်လုပ်နေလေပြီး သူ့၏ညီလေးနှင့်အတူ စာလုံးများအား ဖတ်တတ်ရန် သင်ယူနေလေကာ ချင်းယွမ် ထားခဲ့သော ဟင်းချက်နည်း စာအုပ်ကို လေ့လာနေပေသည်။ 

သို့သော်လည်း ချင်းယွမ် ရွာမှ ထွက်သွားပြီး မကြာခင်တွင် ရွာထဲ၌ ကောလဟာလ တစ်ခုသည် ပေါ်ထွက်လာခဲ့သည်။

ဤသည်မှာ ကိစ္စကြီးတစ်ခု မဟုတ်ဘဲ ခရီးသွား ကုန်သည်များ သွားလာသည့် နေရာများမှာ အလွန်တရာ အန္တရာယ် များလှကြောင်းကို ပြောဆိုနေကြခြင်းသာ ဖြစ်ပေသည်။ 

ဤတစ်ခေါက်၌ ချင်းယွမ်က အလွန်တရာ အန္တရာယ် ရှိသည့် အခြေအနေ နှင့် ကြုံတွေ့၍ သေချာပေါက် ပြန်လာနိုင်လိမ့်မည် မဟုတ်ဟု ပြောနေကြခြင်း ဖြစ်သည်။ သူက ပြန်ရောက်လာမည် ဆိုလျှင်ပင် သူ့၏လက်နှင့် ခြေထောက်တို့တွင် ဒဏ်ရာရလာလိမ့်မည်ဟု လူတိုင်းက ပြောဆိုနေကြ၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်က ဟိုဘက်ရွာမှ ခရီးသွားကုန်သည်အဖြစ် အလုပ်လုပ်ခဲ့သော ညီအစ်ကို နှစ်ယောက်တွင် တစ်ယောက်က သေဆုံးပြီး ကျန်တစ်ယောက်က ဒဏ်ရာရရှိကာ ပြန်ရောက်လာခဲ့သည်။ အသက်ရှင်လျက် ပြန်ရောက်လာသော ညီငယ်၏ စကားကို နားထောင်ကြည့်ကြသည့် အချိန်တွင် ခရီးသွားလမ်းပေါ်၌ လူအများ၏ အသက်ကို ခြွေယူနေသော ဓါးပြများဖြင့် ပြည့်နှက်နေကြောင်းအား သူတို့သိလိုက်ကြရသည်။

 ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်Where stories live. Discover now