အပိုင်း ၄၆

623 85 0
                                    

အပိုင်း ၄၆ -အထင်ကြီးစရာ ကောင်းလှသော သတို့သမီး ခန်းဝင်ပစ္စည်းများ 

တင်းမာနေသော လေထုကြောင့် စိတ်လှုပ်ရှား နေကြသည့် ဆယ်ကျော်သက် နှစ်ယောက်သည် ပါးလွှာသော လေထုထဲတွင် ချင်းယွမ် ပျောက်ကွယ်သွားသည်ကို ရုတ်တရက် မြင်လိုက်ရသည့် အချိန်တွင် သူတို့သည် ပါးစပ်ကို လက်ဖြင့် ဖုံးအုပ်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများက မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားလေသည်။

ဤကဲ့သို့သော ကိစ္စကို ရှေးခေတ်လူများသာမက ခေတ်သစ်ကာလ၌ပင် မြင်ရမည်ဆိုပါက တုန်လှုပ်သွားကြပေလိမ့်မည်။ ဟုတ်ပေသည်...ကမ္ဘာပျက်ကပ်ကာလကိုမူ ထည့်တွက်၍ မရပေ။ ကမ္ဘာပျက်ကပ် ကာလ၌ ဤကိစ္စထက်ပင် ပို၍ တုန်လှုပ်စရာကောင်းသော ကိစ္စများဖြင့် ပြည့်နှက်နေပေသည်။

အချိန်ခဏမျှကြာသည်အထိ ပါးလွှာသည့် လေထုထဲတွင် ပျောက်ကွယ်နေပြီးနောက် ချင်းယွမ်သည် ပေါ်ထွက်လာလေသည်။ ထို့နောက် သူကြိုတင် တွေးတောထားသော စကားလုံးများကို သူတို့နှစ်ယောက်အား ပြောပြလိုက်လေသည်။

သူ့အနေဖြင့် ကျင်းတနှင့်အတူ ခရီးထွက်မည့် ကိစ္စကို သေချာဆုံးဖြတ်ထားခဲ့ပေသည်။ သူ့အနေဖြင့် မည်သည်ကိုမှ စိုးရိမ်ခြင်းလည်း မရှိသလို ကြောက်ရွံ့ခြင်းလည်း မရှိပေ။ ပုရွက်ဆိတ်များ စုပေါင်းလာလျှင် ဆင်ကိုပင် သေသည်အထိ ကိုက်သတ်ပစ်နိုင်သည်ဟု စကားပုံရှိပေသည်။ အခြားသူများက လိမ်လည်လှည့်ဖျား၍ အုပ်စုလိုက် တိုက်ခိုက်မည်ဆိုလျှင်ပင် သူ့အနေဖြင့် အသက်ရှင်ရန် အခွင့်အလမ်း ရှိနေပေသည်။ 

စီ နိုင်ငံသို့ ကျင်းတနှင့်အတူ သွားရောက်ရန် ယုံကြည်မှု ရှိနေရသည့် အကြောင်းအရင်းမှာ သူပြန်လည်မွေးဖွားလာပြီးနောက် သူ့၏ စွမ်းရည်အဆင့်သည် နောက်တစ်ဆင့်သို့ ရောက်ရှိသွားခဲ့သောကြောင့် ဖြစ်သည်။ သူ့၏နေရာလွတ်က ပစ္စည်းများကို သိုလှောင်နိုင်ရုံသာမက နေရာလွတ်ပိုင်ရှင်သည်လည်း အရေးကြီးသည့် အခြေအနေများတွင် အန္တရာယ် မှ လွတ်မြောက်နိုင်ရန်အတွက် ထိုထဲသို့ ပုန်းအောင်း၍ ရနိုင်ပေသည်။ ဤစွမ်းရည်မှာ အဆင့်မြင့် နေရာလွတ် စွမ်းရည်ပိုင်ရှင်များ၌သာ ရှိသော အသက်ကယ် စွမ်းရည်ပင် ဖြစ်သည်။ 

 ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်Where stories live. Discover now