အပိုင်း ၃၇ - အိမ်ပြောင်းခြင်း
အားမိုသည် သူ့ နဖူးပေါ်ရှိ ချင်းယွမ်၏ အနမ်းကြောင့် စကားလုံးများ ပျောက်ရှသွားပြီး ဖိအားတစ်ခု ကို ခံစားလိုက်ရသောကြောင့် စကားပင် မပြောနိုင်တော့ပေ။ သူသည် ချင်းယွမ်၏ ပုခုံးပေါ်၌ လက်များကို အချိန်အတော်ကြာ တင်ထားနေရင်း ငြိမ်နေမိလေပြီး ချင်းယွမ်က သူ့၏ နာမည်ကို ထပ်ခေါ်လာပေသည်။
အားမိုသည် အသိဝင်လာပြီး အခွင့်အရေး အယူခံနေရသောကြောင့် အော်ဟစ်ခြင်း မရှိသလို ချင်းယွမ် ကိုလည်း အဝေးသို့ တွန်းထုတ်ပစ်ခြင်း မရှိချေ။ ထို့ပြင် မကောင်းတဲ့ကောင်ဟု ကျယ်ကျယ်လောင်လောင် အော်ဟစ်ခြင်း မရှိဘဲ ရှက်ရွံ့ စွာဖြင့် သနားစဖွယ်ကောင်းစွာ ချင်းယွမ်အပေါ်၌ မှီတွယ်နေလေပြီး စကားပြောရန် ကြောက်ရွံ့နေပေသည်။ သူ့၏ ရှက်ရွံ့မှု အပြင် သူ့၏ ခြေထောက်များကလည်း ပျော့ခွေနေပေသည်။ အစောပိုင်းက သူ့၏ ခြေထောက်များက တင်းမာနေသော်လည်း အနမ်းခံလိုက်ရပြီးနောက် သူ့၏ ခြေထောက်များကလည်း ပျော့ခွေနေပေပြီ ဖြစ်သည်။
ဤကိစ္စမှာ မယုံကြည်နိုင်စရာ ကောင်းလှပေသည်။ အစ်ကိူကြီးဝူအနေဖြင့် သူ့ကို နှစ်သက်သည်မှာ မယုံကြည်နိုင်စရာ ကောင်းပေ၏။ ထို့ပြင် အစ်ကိုကြီးဝူက သူ့၏ နဖူးကိုပင် နမ်းလာခဲ့သည်။ ဤသည်မှာ အစစ်အမှန် ဖြစ်နေခဲ့သည်လား။
ထိုအခိုက်အတန့်၌ အားမိုသည် အိပ်မက်မက်နေသလို ခံစားလိုက်ရပြီး ချင်းယွမ်၏ ပုခုံးထက်ရှိ သူ့လက်နှစ်ဖက်သည်လည်း အဝတ်စကို ဆုပ်ကိုင်ထားရင်း ချွေးများက စိမ့်ထွက်လာလေသည်။ ညက ပိုမို တိတ်ဆိတ်လာသော်လည်း ချစ်ခြင်း၏ အငွေ့အသက်ကမူ ပိုမို ကြီးထွားလာပေသည်။ သူတို့ထဲရှိ မည်သူကမှ စကားမပြောတော့သလို တောက်ပသည့် အကြည့်များကိုသာ ထုတ်ဖော်နေကြသည်။
အဝတ်အစား များ ခြောက်သွေ့သွားပြီးနောက် ချင်းယွမ်က အားမိုကို ကောက်ရိုးဖျာဆီသို့ ခေါ်ဆောင်သွားကာ လှဲလျောင်းခိုင်းလိုက်ပြီး သူ့၏ အပေါ်ဝတ်ကို ချွတ်၍ တစ်ဖက်လူ၏ စိတ်လှုပ်ရှားနေသာ့် အကြည့်များအောက်တွင် လွှမ်းခြုံပေးလိုက်သည်။ ထို့နောက် အားမိုကို ပြုံး၍ ပြောလိုက်လေသည်။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်
FantasyTitle - there is an apocalyptic man in the village ~အကျဥ်းချုပ်~ ကမ္ဘာပျက်ကပ်မတိုင်ခင် နေ့ရက်များ၌ ပြန်လည် မွေးဖွားလာခဲ့ပြီးနောက် ဝူချင်းယွမ်သည် ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် လုံခြုံသည့်နေရာတစ်ခုအား ရှာဖွေချင်ခဲ့ရုံမျှသာ...။ အရင်ဘဝမှ မှတ်ဉာဏ်မ...