အပိုင်း ၅၀

556 68 2
                                    

အပိုင်း ၅၀ - လက်ထပ်ပွဲ

ရွာထဲရှိသူများက မည်သို့ပင် ပြောဆိုရယ်မောနေကြစေကာမူ ကိုယ်တိုင်တွေ့ကြုံဖူးသည့်သူကသာ မိသားစုတစ်ခုဖြစ်လာခြင်း၏ ခံစားချက်ကို အမှန်တကယ် နားလည်နိုင်ပေလိမ့်မည်။ 

ကျိုးကောအာ လက်ထပ်စဉ်က ရရှိခဲ့သည့်အတွေ့အကြုံများ ‌ကြောင့် ချင်းယွမ်သည် ဤတစ်ခေါက်တွင်ပို၍ ချောချောမွေ့မွေ့လုပ်ဆောင်နိုင်ခဲ့သည်။ ဤရက်များတွင် ကျိုးကောအာကလည်း အိမ်သို့ ရွှေ့လာ၍သူ့ကို ကူညီခဲ့ပေသည်။ ကျိုးကောအာ၏ ဝက်ဝံတစ်ကောင်ကဲ့သို့သော ခင်ပွန်းဖြစ်သူ ကျန်းတာ့ကျိုးကလည်း ကပ်စေးနဲ တစ်ခုနှယ် မျက်နှာပြောင်တိုက်ကာ လိုက်ပါလာခဲ့သည်။ 

အဒေါ်ကျန်းကလည်း သူ့မိသားစုကိုခေါ်ဆောင်၍ အိမ်ကိုစီမံရန်အတွက် ချင်းယွမ်အား ကူညီပေးလေသည်။ ရွာထဲ၌ မိသားစုတစ်ခုဖြစ်လာခြင်းနှင့်ပတ်သတ်၍ သတိထားရမည့် အချက် တစ်ချို့အား သူ့ကို ပြောပြခဲ့ပေသည်။ လူကြီးသူမများကထုံးတမ်းဓလေ့များကို နားလည်ထားကြပေသည်။ ချင်းယွမ်အနေဖြင့် ကောင်းစွာလေ့လာထားခဲ့သော်လည်း ထုံးတမ်းအစဉ်လာများနှင့်စည်းမျဉ်းများကို နားလည်သော တစ်စုံတစ်ယောက်က ကူညီပေးနေခြင်းမှာ ပိုမိုကောင်းမွန်သည်။ သူ့၏မိသားစုထဲ၌မည်သည့် အကြီးအကဲမှမရှိသောကြောင့် ကျန်းမိသားစုက သူ့၏အရေးတကြီးလိုအပ်ချက်များအား ကူညီဖြေရှင်းပေးကြသည်။ 

သိရှိနားလည်သူများ၏ အကူအညီနှင့်အတူ ငွေကြေးကလည်းပြသနာမဟုတ်သောကြောင့် ဝူမိသားစုဘက်ခြမ်းရှိ မင်္ဂလာပွဲမှာ ချောချောမွေ့မွေ့ရှိနေပေသည်။

လင်းမိသားစုကလည်း အားလပ်မနေပေ။ မိသားစုတစ်ခုဖြစ်လာခြင်းမှာ နှစ်ဖက်မိသားစုအတွက် ကိစ္စကြီးပင် ဖြစ်သည်။ ဤသည်မှာဆယ်စုနှစ်အတွင်း မြေးမြစ်များကြား၌ ပျော်ရွှင်စရာကိစ္စတစ်ခုရှိလာသော ပထမဆုံးအကြိမ်ဖြစ်သောကြောင့် လင်းမိသားစုတစ်ခုလုံးသည် တက်တက်ကြွကြွဖြင့် အလုပ်ရှုပ်နေကြသည်။

အထူးသဖြင့် ခန်းဝင်ပစ္စည်းပြင်ဆင်ရာတွင် လင်းလောင်ကန်သည် လွန်ခဲ့သည့်နှစ်အနည်းငယ်ကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့ပေသည်။ သူသည် ချင်းယွမ်က ကျိုးကောအာကိုပြင်ဆင်ပေးခဲ့သည့် ခန်းဝင်ပစ္စည်းကဲ့သို့ ငွေကြေးများစွာ ထည့်ပေးနိုင်ခြင်းမရှိသော်လည်း တတ်နိုင်သမျှအကောင်းဆုံးထုတ်၍ သူ့၏သားအတွက် ပြင်ဆင်ပေးခဲ့သည်။ 

 ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်Where stories live. Discover now