အပိုင်း ၁၆- သက်သေပြချက်
အဖွားကျိုးသည် ချင်းယွမ်ကိုစိုက်ကြည့်လိုက်ပြီး ဒေါသတကြီးဖြင့်အော်ဟစ်လိုက်သည်။ သို့သော် သူမ၏စိတ်ထဲ၌မူ စိုးရိမ်ထိတ်လန့်နေပေသည်။
ကျိုးကောအာကို သူမ၏ မိသားစုမှ မွေးစားထားခြင်းဖြစ်သည်။ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျ၍ သေဆုံးသွားသော ကျိုးတာ့နျို မှလွဲ၍ ကျိုးကောအာ၌အခြား ဆွေမျိုးများရှိသေးသည်ကို မည်သို့သိရှိနိုင်မည်နည်း။
ကျိုးကောအာသည် ရုပ်ရည်ချောမောလှပပြီးသူ့မျက်ခုံးအလယ်ရှိ အနီရောင်မှဲ့ သည် အလွန်ပင်တောက်ပလှပေသည်။ သူကကောင်းမွန်သောကော တစ်ယောက်ဖြစ်သည်။ နောက်ဆုံးတွင်သူမသည် သူတို့ရွာအပြင်ဘက်ရှိလူကိုရှာဖွေ၍ အောင်သွယ်တော်ကို လက်ထပ်ပွဲတစ်ခု စီစဉ်ခိုင်းခဲ့ပေသည်။
တင်တောင်းငွေအဖြစ် ငွေသား သုံးဆယ့်နှစ် လျန်ကို ရရှိခဲ့သည်။ ချင်းယွမ်ကသာ ကျိုးကောအာ၏ မိသားစုဝင်ဖြစ်နေမည်ဆိုလျှင် ထိုငွေများကို ဆုံးရှုံးသွားရပေလိမ့်မည်။
ထို့အပြင် သူမသည် ဤနေ့များအတွင်း ကျိုးကောအာ အပေါ် ဆိုးဆိုးရွားရွား ဆက်ခံ ခဲ့ပေသည် ချင်းယွမ်၏ ပုံပန်းသွင်ပြင်အရ ကျိုးကောအာကသာ သူမကို မုန်းတီး နေမည်ဆိုလျှင် သူတို့မိသားစုသည် သူမနှင့်ပြသနာကို ဖြေရှင်းလာပေလိမ့်မည်။
ထို့ကြောင့် ထိုသူကကျိုးကောအာကို မည်သည့်အကြောင်းကြောင့်ရှာဖွေနေသည်ဖြစ်ပါစေ သူမသည် သေချာပေါက် သူ့ကို ဆွေမျိုးတစ်ယောက် အဖြစ် အသိအမှတ်ပြုမည်မဟုတ်ပေ။
'' ငါ့မိသားစုရဲ့ ကျိုးကောအာက နင့်ရဲ့ဆွေမျိုးလို့ နင်ပြောနေတာလား...နင်ကသူခိုးပဲ... နင့်လို ဘယ်ကလာမှန်း မသိတဲ့ သူခိုးတစ်ယောက်ကို ဘယ်သူကယုံမှာလဲ...နင်ကနင့်ရဲ့ဆွေမျိုးတွေကိုတကယ်လာရှာတာလား... ဒါမှမဟုတ် လူကုန်ကူးတဲ့ ပြန်ပေး
ဆွဲသမား တစ်ယောက်လား ဆိုတာကိုဘယ်သူသိမှာလဲ... "
အဖွားကျိုးသည် လူအများကို စိတ်ရှုပ်ထွေးအောင်လုပ်ဆောင်ရာတွင် အလွန်ပင်ကောင်းမွန်လှပြီး သူမ၏ စွမ်းရည်ကို ချက်ချင်းထုတ်သုံးကာ အော်ဟစ်လိုက်သည်။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်
FantasyTitle - there is an apocalyptic man in the village ~အကျဥ်းချုပ်~ ကမ္ဘာပျက်ကပ်မတိုင်ခင် နေ့ရက်များ၌ ပြန်လည် မွေးဖွားလာခဲ့ပြီးနောက် ဝူချင်းယွမ်သည် ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် လုံခြုံသည့်နေရာတစ်ခုအား ရှာဖွေချင်ခဲ့ရုံမျှသာ...။ အရင်ဘဝမှ မှတ်ဉာဏ်မ...