အပိုင်း ၄၉

501 74 2
                                    

အပိုင်း ၄၉ - ရွာသို့ ပြန်လာခြင်း

အပြန်လမ်းသည် များစွာ မြန်ဆန်လှခြင်း မရှိပေ။ ကျင်းတနှင့်အခြားသူများသည် ကျောက်ရိုင်းတုံးများ၊ မဟူရာကျောက်များ၊ ဟင်းခပ်အမွှေးအကြိုင်များ နှင့် စီနိုင်ငံဆီမှ အဖိုးတန်သော အခြားပစ္စည်းများ ကိုသာ အဓိက သယ်ဆောင်သွားလိုကြခြင်း ဖြစ်သည်။ သူတို့က ထိုပစ္စည်းများ ကို ဝယ်ယူထားခဲ့သည် ဆိုလျှင်ပင် စျေးနှုန်းက အလွန်တရာ မြင့်မားလှသောကြောင့် အရေအတွက်များစွာ ဝယ်ယူရန် ငွေကြေးများစွာ မရှိကြပေ။ ထို့​ကြောင့် အပြန်လမ်းတွင် ပိုက်ဆံရှာရန် အတွက် အခြားပစ္စည်းများ ဆက်လက် ရောင်းဝယ်ခဲ့ကြသည်။ 

ထို့ကြောင့် မတ်လအစောပိုင်းတွင် စတင်ခဲ့သော အပြန်ခရီးသည် ရပ်လိုက်သွားလိုက်ဖြင့်  ရောင်းချမှုကြောင့် အချိန်အတော်ကြာ နှောင့်နှေးသွားခဲ့ရသည်။ ရှီချောင်မြို့သို့ သူတို့ရောက်ရှိသွားသည့် အချိန်တွင် ဧပြီလလယ်သို့ပင် ရောက်လုနီးပါး ဖြစ်သွားခဲ့ရသည်။ သို့သော်လည်း အချိန်ကိုက်ဖြစ်သွားတော့ကြောင့် ချင်းယွမ်အနေဖြင့် မင်္ဂလာပွဲ အတွက် ပြင်ဆင်ရန်  လဝက်နီးပါးမျှ အချိန်ရလေသည်။

ထိုနေ့တွင် အာရုံတက်သည့်အချိန်၌ ရှီချောင်မြို့ အပြင်ဘက် လမ်းပေါ်တွင် ဖှုန်မှုန့်များဖြင့် ဖုံးလွှမ်းနေသော ကုန်သည်အုပ်စုသည် ရှီချောင်မြို့၏ ဂိတ်ဝင်ပေါက် အတွင်းသို့ ပစ္စည်းများဖြင့် ပြည့်နှက်နေသော လှည်းတစ်ဒါဇင်ကျော်အား စောင့်ကြပ်၍ ပို့ဆောင်နေကြပေသည်။

" အစ်ကိုကျင်း...ကြည့်ရတာ အချိန်ကိုက်ဖြစ်သွားတဲ့ပုံပဲ...ဘာဖြစ်လို့ ကျွန်တော်နဲ့အတူ ရွာကို မလိုက်ခဲ့ရမှာလဲ...ဒီနေ့ ရွာခေါင်းဆောင်နဲ့အတူ တောင်ထွက်ကုန်ကြမ်းတွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးလို့ရတာပေါ့...ပြီးတော့ ကျွန်တော့်ကောရဲ့အိမ်ကိုသွားပြီး ထမင်းတစ်နပ်လောက် သွားစားကြမယ်လေ...ကျွန်တော့်ရဲ့ကောကို ဧည့်ခံခိုင်းလိုက်ပါ့မယ်..." 

နောက်ဆုံးတွင် ရှီချောင်မြို့ ဂိတ်ထဲသို့ ဝင်ရောက်နေရင်း ချင်းယွမ်သည် ရပ်တန့်လိုက်ပြီး သူ့၏နဖူးထက်ရှိ ချွေးများကို သုတ်လိုက်ကာ ရေတစ်ကျိုက်မျှ သောက်လိုက်သည်။ ထို့နောက် မြူများဖြင့် အုပ်ဆိုင်းနေသော ကောင်းကင်ထက်သို့ ကြည့်ရင်း သူ့နှင့်အတူ လမ်းလျှောက်နေသော ကျင်းတအား အဖော်ပြုလိုက်သည်။

 ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်Where stories live. Discover now