အပိုင်း ၂၁- အရူးလေး လင်းမို
ချင်းယွမ်သည် သူ့ရှေ့၌ မျက်နှာကို ကာထားဆဲ ဖြစ်သည့် လင်းအားမိုအားကြည့်လိုက်သည်။ ယခု အချိန်ထိ ခေါင်းမမော့ရဲသေးသော သူ့ကို ကြည့်၍ သူ့၏ စိတ်ထဲတွင် ဖွင့်ဟ၍ မပြောနိုင်သော သဘောကျသည့် အပြုံးမျိုး ပေါ်ထွက်လာလေသည်။
သူသည် လူများကို အကဲဖြတ်ရာတွင် အလွန်ပင် တိကျလှသည်ဟု သူ့ကိုယ်သူ ထင်မှတ်ထားခဲ့သော်လည်း သူ့၏ စွမ်းရည်များသည် လင်းအားမို အပေါ်တွင် အလုပ်ဖြစ်ဟန် မရပေ။ ထိုကောင်လေးသည် သူထင်ထားတာထက်ပင် ပိုမို သတိရှိလှပြီး အနည်းငယ် ဥာဏ်ရည် ထက်မြက်ကာ သူယူဆနိုင်သည်ထက် ပိုမို ထူးခြားနေပေသည်။
ယခုအခြေအနေသည် သူ့ကို အံ့အားသင့်စေပေသည်။
သို့သော်လည်း မည်မျှပင်ဥာဏ်ရည် ထက် မြက်စေကာမူ အန္တရာယ်များသော အရာများကို လုပ်ဆောင်ထားချိန်တွင် အမူအယာ အချို့ ပြသခြင်းမှာ ကျိုးကြောင်း ဆီလျော်လှပေသည်။ ထို အခိုက်အတန့်၌ သူ့၏ မျက်နှာကို ဖုံးကွယ်၍ ခေါင်းရမ်းကာ ငြင်းဆိုခြင်းသည် လူအများကို ရယ်မောသွားစေသည်။ သူ့ကို ကြည့်လိုက်ချိန်၌ အနည်းငယ် တုံးအ ဟန်ပေါ်နေလေ၏။
" မင်းက လင်းအားမို မဟုတ်ဘူးဆိုရင်...ဘာဖြစ်လို့ ကိုယ့်ကို အစ်ကိုကြီးဝူ လို့ ခေါ်ရတာလဲ..."
ချင်းယွမ်သည် ကူကယ်ရာမဲ့စွာဖြင့် လင်းအားမို၏ ခေါင်းထက်ရှိ အဝတ်စကို လက်ကို ဆန့်တန်း၍ ဖယ်ရှားလိုက်ပြီးနောက် တစ်ချိန်တည်းမှာပင် သူ့၏ အခြားလက်တစ်ဖက်ဖြင့် လင်းအားမို၏ လက်ကို ဆုပ်ကိုင်လိုက်ကာ လွှတ်မပေးတော့ပေ။ သူလွှတ်ပေးလိုက်သည်နှင့် ထိုကောင်လေးသည် ထွက်ပြေးသွားလိမ့်မည် ဖြစ်ကြောင်း သူ အာမခံနိုင်ပေသည်။
" အစ်ကိုကြီးဝူ...ဘာလို့ ဒီကို ရောက်နေရတာလဲ...ဟုတ်သားပဲ...တိုက်ဆိုင်လိုက်တာ..."
သူ့မျက်နှာထက်ရှိအဝတ်စကို ဖယ်ရှားလိုက်သည်နှင့် အလိမ်အညာက ပေါ်ထွက်သွားသောကြောင့် လင်းအားမိုသည် ကျည်ဆံကို ကိုက်ကာ ခေါင်းမော့၍ သူ့၏ နှုတ်ခမ်းများကို အတင်းအကျပ် ဆွဲတင်လိုက်ရင်း ပြုံးလိုက်လေသည်။ သူက ပြုံးနေသော်လည်း သူ့မျက်လုံးထဲရှိ စိတ်ရှုပ်နေသည့် အမူအယာကြောင့် သူ့စိတ်ထဲတွင် တွေးတောနေသည့် အတွေးများအား ဖော်ပြနေပေ၏။ အစ်ကိုကြီး ဝူက ဤနေရာသို့ မည်သို့ ရောက်နေရသနည်း။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်
FantasyTitle - there is an apocalyptic man in the village ~အကျဥ်းချုပ်~ ကမ္ဘာပျက်ကပ်မတိုင်ခင် နေ့ရက်များ၌ ပြန်လည် မွေးဖွားလာခဲ့ပြီးနောက် ဝူချင်းယွမ်သည် ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် လုံခြုံသည့်နေရာတစ်ခုအား ရှာဖွေချင်ခဲ့ရုံမျှသာ...။ အရင်ဘဝမှ မှတ်ဉာဏ်မ...