အပိုင်း ၃၅ - အိုးကစားနည်း
အားမိုသည် ချင်းယွမ်၏ စကားများကို တုံ့ပြန်ရန်ပင် အခွင့်အရေးမရလိုက်ပေ။ ချင်းယွမ်သည် သူ့၏ လက်အားမြှောက်၍ သူဋ္ဌေးအား အော်ပြောလိုက်သောကြောင့် ပတ်ပတ်လည်ရှိ လူများသည် စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုလာကြလေသည်။
ထိုအခိုက်အတန့်တွင် အိုးပစ်ကစားနည်း၏ ရှေ့၌ လူများဝိုင်းအုံနေကြပြီ ဖြစ်သည်။ အကြောင်းမှာ ကျန်းတာ့ကျူး က ကစားနည်းအား အနိုင်ရရှိသွားသောကြောင့် ဖြစ်၏။ လမ်းထောင့်များ၌ လူများဖြင့် ပြည့်နေပေသည်။ လူတိုင်းသည် စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုရန် ဝိုင်းအုံလာကြပြီး အခြားသော ဆိုင်များမှ စျေးဝယ်သူများသည်လည်း ရောက်ရှိလာကြသည်။
ယနေ့ပွဲတော်တွင် တစ်စုံတစ်ယောက်က အိုးပစ်ကစားနည်းအား ကစားနေသည်ကို တွေ့မြင်ရသည်မှာ ပထမဆုံး ဖြစ်သောကြောင့် လူတိုင်းသည် ကြည့်ရှုချင်နေကြသည်။
" ဒီက လူငယ်လေးကလည်း ကစားချင်လို့လား...မင်းရဲ့ ချစ်သူကိုရော ခေါ်လာရဲ့လား..."
သူတို့အားလုံးက အတူတကွလာကြသည်ကို ပြန်ကျစျေးသည်က သိရှိပေသည်။ ယခုလေးမှာပင် ကျန်းတာ့ကျူးသည် ကျောက်စိမ်းဆွဲပြား အပိုင်းတစ်ခုကို အနိုင်ရရှိသွား၏။ ဆိုင်ရှင်က ချင်းယွမ် နှင့်သူတို့ အုပ်စုကို သတိဖြင့် ကြည့်လိုက်လေ၏။ သူသည် ကျန်းတာ့ကျူး ကို စတွေ့တုန်းက ကဲ့သို့ ပျော်ရွှင်ဝမ်းမြောက်ခြင်း မရှိတော့ပေ။ ထိုလူအုပ်စုသည် သူ့အတွက် ကံဆိုးမှုတစ်ခု ဖြစ်လိမ့်မည်ဟု အာရုံရနေပေသည်။
" ဟုတ်တယ်...ကျွန်တော် ကစားမလို့..."
သူဌေး၏ မေးခွန်းကို ကြားလိုက်ချိန်တွင် ချင်းယွမ်က ချက်ချင်း ခေါင်းညိတ်ပြလိုက်လေသည်။
ရလာဒ် အနေဖြင့် လင်းအားမို ၊ကျိုးကောအာ ၊ လင်းထျန်းပေါင် နှင့် အခြားသူများက သူ့ကို ကြည့်ရှုလာကြလေပြီး ဆိုင်ရှင်သူဌေးကလည်း သူ့ကို မယုံကြည်ပေ။ သူသည် ထိုသူများကို အချိန်အတော်ကြာ အာရုံစိုက်ထားသော်လည်း ချင်းယွမ်နှင့် စုံတွဲဖြစ်မည့် မိန်းကလေးတစ်ယောက်ကို မတွေ့မြင်ခဲ့ပေ။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်
FantasyTitle - there is an apocalyptic man in the village ~အကျဥ်းချုပ်~ ကမ္ဘာပျက်ကပ်မတိုင်ခင် နေ့ရက်များ၌ ပြန်လည် မွေးဖွားလာခဲ့ပြီးနောက် ဝူချင်းယွမ်သည် ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် လုံခြုံသည့်နေရာတစ်ခုအား ရှာဖွေချင်ခဲ့ရုံမျှသာ...။ အရင်ဘဝမှ မှတ်ဉာဏ်မ...