အပိုင်း ၄၂ - မင်္ဂလာကိစ္စ ကမ်းလှမ်းခြင်း
အောင်သွယ်တော်သည် တင်တောင်းပစ္စည်းများထက်ပင် ပို၍ ဆွဲဆောင်မှု ရှိလှပေသည်။ ထိုအောင်သွယ်တော်မှာ မြို့ထဲ၌ အလွန်တရာ နာမည်ကြီးသူ တစ်ယောက်ဖြစ်သည်။ အခြားသော အောင်သွယ်တော်များနှင့်မတူဘဲ သူမကသာ အောင်သွယ်ပေးရမည့် သူများကို ရွေးချယ်တတ်ပေသည်။ သူမကို ကျေနပ်စေရန် ပိုက်ဆံပေးသည် ဖြစ်စေ သို့မဟုတ် သန်မာသော နောက်ခံရှိသည့် မိသားစုကြီးမှ ဖြစ်စေ မင်္ဂလာပွဲတစ်ခုကို အောင်သွယ်ပေးရန်အတွက် လူတိုင်းဆီမှ အလုပ်လက်ခံခြင်း မရှိပေ။
အကြောင်းမှာ ထိုအောင်သွယ်တော်က မိသားစုကြီးတစ်ခုမှ ဖြစ်ပြီး နန်းတော်မှ သူမမွေးရပ်မြေဆီသို့ အနားယူရန် ပြန်ရောက်လာသည့် မော့မော့တစ်ယောက် ဖြစ်သည်။ သူမက တော်ဝင် ကိုယ်လုပ်တော်၏ ပိုင်နက်ထဲတွင် အစေခံအဖြစ် အလုပ်လုပ်ခဲ့သည်ဟု သူတို့ကြားဖူးကြသည်။ သူမက သာမန်မော့မော့တစ်ယောက်မျှသာ ဖြစ်သော်လည်း အနားယူသည့်အချိန်တွင် ရွှေချောင်း အထပ်လိုက်ကို ဆုအဖြစ် ရရှိခဲ့ပေသည်။ နန်တော်ဆီမှ ထွက်လာသော လူများသည် ရှီချောင်မြို့ ကဲ့သို့သော သေးငယ်သည့်နေရာ၌ ကျော်ကြားလှပေသည်။
ထို့ကြောင့် သူမကို လက်ထပ်ပွဲတွင် အောင်သွယ်တော်အဖြစ် လုပ်ဆောင်ပေးရန်အတွက် ဖိတ်ခေါ်နိုင်သည့် ရွာထဲကမည်သူမဆို မျက်နှာသာရရုံသာမက လက်ထပ်ပွဲ ကမ်းလှမ်းခံရသည့် မိသားစုသည်လည်း ဂုဏ်တက်ပေလိမ့်မည်။ ဤသည်မှာ ဂုဏ်သတင်း အပြင် မျက်နှာသာရမှုတို့နှင့် သက်ဆိုင်နေသောကြောင့် တင်တောင်းပစ္စည်း များထက်ပင် ပို၍ ပျော်စရာ ကောင်းပေသည်။
လင်းလောင်ကန်၏ ဘဝတစ်လျှောက်လုံးတွင် အကြီးမားဆုံးသော ဆုတောင်းများထဲမှ တစ်ခုမှာ သူ့၏ကောကို ကောင်းမွန်သည့် မိသားစုထဲသို့ လက်ထပ်၍ ထည့်ပေးလိုက်ချင်ခြင်းသာဖြစ်သည်။ ထို့ကြောင့် ချင်းယွမ်၏ ပန်းစကား အောင်သွယ်တော်ကို ဖိတ်ခေါ်မှုသည် သူ့၏ အမြင်ကောင်းအား ရရှိသွားစေပေသည်။
အားမို၏မျက်နှာ ပြန်ကောင်းမလာခင်ကတည်းက သူတို့နှစ်ယောက်သည် ခံစားချက်များ ဖြစ်ပေါ်လာခဲ့သောကြောင့် ချင်းယွမ်သည် အားမို ရုပ်ဆိုးစဥ်ကတည်းကပင် နှစ်သက်ခဲ့ခြင်း ဖြစ်ကြောင်း သိသာပေသည်။ ထို့ကြောင့် ချင်းယွမ်၏ နှစ်သက်မှုမှာ အတုအယောင် မဖြစ်နိုင်ပေ။ ချင်းယွမ်သည် သူတို့မိသားစုထက်ပင် ချမ်းသာကြွယ်ဝသောကြောင့် အမှန်တကယ် ချစ်ခင်နှစ်သက်သောကြောင့်သာ ဤသို့ကမ်းလှမ်းခြင်း ဖြစ်ကြောင်း သိသာပေသည်။ ချင်းယွမ် အနေဖြင့် သူတို့မိသားစုအပေါ် မည်သို့ အခွင့်ကောင်းယူစရာ ရှိလိမ့်မည်နည်း။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်
FantasyTitle - there is an apocalyptic man in the village ~အကျဥ်းချုပ်~ ကမ္ဘာပျက်ကပ်မတိုင်ခင် နေ့ရက်များ၌ ပြန်လည် မွေးဖွားလာခဲ့ပြီးနောက် ဝူချင်းယွမ်သည် ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် လုံခြုံသည့်နေရာတစ်ခုအား ရှာဖွေချင်ခဲ့ရုံမျှသာ...။ အရင်ဘဝမှ မှတ်ဉာဏ်မ...