အပိုင်း ၂၄ - ချန်မိသားစု
ငွေကိုနောက်ကျမှရှာခြင်းထက် စောစောရှာခြင်းက ပိုမိုကောင်းမွန်သောကြောင့် သူတို့သည် ထိုညမှာပင် သဘောတူညီမှုရရှိသွားသည်။ နောက်တစ်နေ့ နံနက်တွင် လင်းလောင်ကန်က ချင်းယွမ်နှင့်အတူ ကျန်းမိသားစုဆီသို့ သွား၍ ချန်မိသားစု ဇနီးကို ရှာဖွေရန် ထွက်လာခဲ့လေသည်။
အမှန်အတိုင်းပြောရမည်ဆိုပါက လင်းလောင်ကန်သည် ချင်းယွမ်၏ မီးသွေးချက်လုပ်မည့် လုပ်ငန်းနှင့်ပတ်သတ်ပြီး စိုးရိမ်သည်ထက် အံ့အားသင့်ခြင်းက ပို၍ သာလွန်ပေသည်။
လင်းလောင်ကန်သည် ချင်းယွမ်၌ စွမ်းရည်တစ်ချို့ရှိသည်ဟု တွေးထားခဲ့ပြီး ဖြစ်သော်လည်း ထိုမျှ မြင့်မားစွာတွေးတောမထားခဲ့ပေ။ အဆုံး၌ကား ချင်းယွမ်သည် နိုင်ငံများစွာဆီသို့ လှည့်ပတ်သွားလာခဲ့ပြီး မတည်ငြိမ်သည့်ဘဝတွင် နေထိုင်ခဲ့ရကြောင်း သူသိရှိခဲ့ရသည်။ ထိုကဲ့သို့သော မတည်ငြိမ်သည့်ဘဝမျိုးဖြင့် ချင်းယွမ်သည် ငွေကြေးမည်မျှ စုဆောင်းနိုင်လိမ့်မည်နည်း။
ထို့ပြင်နေရာအနှံ့သို့ ခရီးလှည့်လည်သွားလာခြင်းအတွက် စားသောက်စရိတ်နှင့် သွားလာစရိတ်တို့အတွက် ငွေကြေးများစွာ ကုန်ကျခဲ့ပေလိမ့်မည်။ ချင်းယွမ်သည် ရွာ၌ အခြေချခါစဖြစ်ပြီး အိမ်တစ်အိမ်ကို ငွေတစ်ဒါဇင်ကျော်မျှသုံး၍ ဝယ်ယူကာ ပြန်လည်ပြုပြင်ခဲ့ပေသည်။ ချင်းယွမ်၏လက်ထဲ၌ စုဆောင်းထားသော ငွေပမာဏသည် များစွာကျန်ရှိလိမ့်မည်မဟုတ်ပေ။ အကြောင်းမှာချင်းယွမ်သည် အိမ်တစ်အိမ်ကို ဝယ်ယူခဲ့သော်လည်း မည်သည့်လယ်ကွက်ကိုမှ မဝယ်ယူခဲ့သောကြောင့် ဖြစ်ပေသည်။ ဤနေရာရှိရှေးဟောင်းလူများ၏အတွေးအမြင်အရ လက်ထဲ၌ ငွေရှိမည်ဆိုလျှင် လယ်မြေကိုသာသေချာပေါက်ဝယ်ယူရပေမည်။
သို့သော် ဤနေရာ၌ ချင်းယွမ်၏အပြုအမူများသည် ပုံမှန်မဟုတ်သည်ကို မည်သူသိလိမ့်မည်နည်း။ သူကအလုပ်စတင်လိုက်ချိန်တွင်လည်း ကြီးမားသည့် လုပ်ငန်းတစ်ခုဖြစ်နေပေသည်။ မီးသွေးဖိုဆိုသည်မှာ တစ်ချိန်တည်းမှာပင် သစ်သား ကီလို ထောင်ပေါင်းများစွာ အသုံးပြုရခြင်းဖြစ်သည်။ မီးသွေးဖိုအသေးနှစ်ခု သို့မဟုတ် သုံးခုမျှ အသုံးပြုမည်ဆိုလျှင်ပင် ထိုမျှကုန်ကျပေလိမ့်မည်။ ငွေလျန် တစ်ရာကျော်မျှမရှိဘဲ
YOU ARE READING
ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်
FantasyTitle - there is an apocalyptic man in the village ~အကျဥ်းချုပ်~ ကမ္ဘာပျက်ကပ်မတိုင်ခင် နေ့ရက်များ၌ ပြန်လည် မွေးဖွားလာခဲ့ပြီးနောက် ဝူချင်းယွမ်သည် ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် လုံခြုံသည့်နေရာတစ်ခုအား ရှာဖွေချင်ခဲ့ရုံမျှသာ...။ အရင်ဘဝမှ မှတ်ဉာဏ်မ...