အပိုင်း၂၀ - အထူးမိတ်ဆွေ
ခေတ်သစ်ရှိလူတစ်ယောက်အနေဖြင့် ချင်းယွမ်သည် ရှေးခေတ်အကြောင်းများစွာ မသိသော်လည်း မည်သို့ပင်ဖြစ်စေကာမူ သူသည် အဖိုးကျိုးဆီက ဗဟုသုတ များစွာသိရှိခဲ့ရသည်။ ထို့ပြင်
အင်တာနက်ပေါ်မှတစ်ဆင့် ဗဟုသုတများစွာကို ထပ်မံသိရှိခဲ့ရပြီး ကူးပြောင်းပြီးနောက်တွင် တွေ့ကြုံရမည့်ဘဝနှင့်ပတ်သတ်၍ ပြင်ဆင်ထားခဲ့သည်။
သူသည် အရက်မူးပန်းပွင့် မျှော်စင်နှင့်ပတ်သတ်၍ နားလည်ခြင်းမရှိသော်လည်း ထိုလူ၏ရှင်းလင်းပြတ်သားသော အမူအရာကြောင့် ထိုနေရာနှင့်ပတ်သတ်၍ နားလည်မှုလွဲခြင်းမဟုတ်ကြောင်း သိရှိသွားသည်။ ဤသည်မှာ ဒဏ္ဌာရီလာ ပိုင်ဟွားလော် နှင့် ကောင်းလန်တို့နှင့် သိသိသာသာ တူညီလှပြီး ဆောင်ကြာမြိုင်ဟု လူသိများကြသည်။
မိသားစုကောင်းမှဖြစ်သော သာမန်ကောတစ်ယောက်ဖြစ်သူအားမိုသည် ဤနေရာ၌မည်သည့်အရာများကို လုပ်ဆောင်နေသည်နည်း။
အားမို၏ အကျင့်စရိုက်သည် အနည်းငယ်တက်ကြွကာ ရဲတင်းလှသော်လည်း သူသည် အကျင့်စရိုက် ပျက်ပြားနေသူမဟုတ်ပေ။ ဤကဲ့သို့သောနေရာဆီသို့ လာရောက်ခြင်း၏ နောက်ဆက်တွဲသည် မည်မျှပြင်းထန်၍ ဤသတင်းပြန့်နှံ့သွားပါက မည်သို့ဖြစ်မည်ကို မသိရှိရန် မဖြစ်နိုင်ပေ။
ဖြတ်သွားဖြတ်လာက အပြုံးတစ်ခုဖြင့် ထွက်ခွာသွားပြီးနောက် ချင်းယွမ်သည် သီချင်းသံ သဲ့သဲ့ ကြားနေရသော ဆန့်ကျင်ဘက် အဆောက်အဦးဆီသို့ ခဏမျှ စိုက်ကြည့်လိုက်သည်။ သူက တစ်ချက်မျှသွားကြည့်ရန် ဆုံးဖြတ်လိုက်၏။
ချင်းယွမ်သည် သစ်သီးသကြားတုတ်ထိုး အတွဲလိုက်ကိုဝယ်ယူ၍ ကလေးတစ်ယောက်ကို ပေးလိုက်ကာ သူ့အား အဝတ်ဆိုင်၌စောင့်ဆိုင်းနေသော ကျိုးကောအာဆီသို့ သွားရောက်ခိုင်း၍ စကားပါးလိုက်သည်။ ထို့နောက်သူက အဆောက်အဦးဆီသို့ ဦးတည်လိုက်၏။
ချိုင့်ဝှမ်း၏ ဝင်ပေါက်ဆီသို့ရောက်ရှိသွားချိန်တွင် သူသည် တစ်စုံတစ်ယောက်ကို တိုက်ရိုက်မရှာဖွေခဲ့ပေ။ သို့သော် လင်းအားမိုဝင်ရောက် သွားခဲ့သည့် အနောက်တံခါး၌စောင့်ဆိုင်းနေလိုက်သည်။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်
FantasyTitle - there is an apocalyptic man in the village ~အကျဥ်းချုပ်~ ကမ္ဘာပျက်ကပ်မတိုင်ခင် နေ့ရက်များ၌ ပြန်လည် မွေးဖွားလာခဲ့ပြီးနောက် ဝူချင်းယွမ်သည် ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် လုံခြုံသည့်နေရာတစ်ခုအား ရှာဖွေချင်ခဲ့ရုံမျှသာ...။ အရင်ဘဝမှ မှတ်ဉာဏ်မ...