အပိုင်း ၁၄

957 133 3
                                    

အပိုင်း၁၄ - လင်းကောအာ၏ဘဝအတွေ့အကြုံများ

လက်ဖက်ရည်ဆိုင်၌ လက်ဖက်ရည်သောက်ကာ စားသောက်၍ ခဏမျှအနားယူပြီးနောက် ချင်းယွမ်နှင့် လင်းအားမိုတို့သည် နေကျသွားချိန်တွင် ရွာသို့ပြန်လာခဲ့ကြသည်။

သူတို့၏လက်ထဲ၌ သယ်ဆောင်လာသော ပစ္စည်းများကြောင့်သူတို့နှစ်ယောက်သည် အလွန်လျင်မြန်စွာ ခရီးသွားနိုင်ခြင်းမရှိကြပေ။ ထို့ကြောင့် သူတို့ရွာသို့ပြန်ရောက်သွားသည့် အချိန်တွင် လယ်ကွင်းထဲ၌ အလုပ်လုပ်နေသောရွာသားများသည် အိမ်သို့ တစ်ယောက်ပြီးတစ်ယောက် ပြန်လာကြပြီဖြစ်သည်။

လင်းထျန်းပေါင်နှင့် ကျန်းတာ့ကျူးတို့သည် ရွာအဝင်ဝရှိ မိုးမခပင်ကြီး၏ အရိပ်အောက်တွင် သူတို့ကိုစောင့်ဆိုင်းနေကြသည်။

“အစ်ကိုကြီး… နောက်ဆုံးတော့ပြန်ရောက်လာပြီပေါ့… အစ်ကိုကြီးတာ့ကျူးက စိုးရိမ်လွန်းလို့သေတော့မယ်…နေ့လည်ကတည်းက ကျွန်တော့ကိုပါဆွဲခေါ်လာတာလေ …ဒီမှာ ပူလွန်းလို့ သေတော့မယ်”

သူတို့တွေ့လိုက်ကြသည်နှင့် လင်းထျန်းပေါင်သည် လင်းကောအာဆီသို့ပြေးလာကာ စောဒကတက်လိုက်သည်။ သူသည် အမေမရှိဘဲ ကြီးပြင်းလာခြင်းဖြစ်သောကြောင့် သူ့အစ်ကိုကြီ၏ ရှေ့သို့ရောက်တိုင်း ကလေးလိုဆိုးနွဲ့လေ့ရှိသည်။

“အစ်ကိုတာ့ကျူးက မင်းကိုဆွဲခေါ်လာတာလား…ဒါမှမဟုတ်မင်းဟာမင်းလာတာလား … တစ်ခြားလူ အပေါ် အပြစ်တင်မနေနဲ့… ရော့ စူးရှင်းယွမ်ရဲ့ ရနံ့မွှေး ပေါင်မုန့် … မြန်မြန်စားပြီး အိမ်ပြန်တော့… အဖွား မမြင်စေနဲ့ဦး… မဟုတ်ရင် ဒီနေ့ည ညစာမစားရဘဲ နေလိမ့်မယ်”

လင်းအားမိုသည် သူ့ညီလေးကသူ့အပေါ် ချွဲနွဲ့သည်ကို အသားကျနေပြီဖြစ်သောကြောင့် လင်းထျန်းပေါင်၏ ခေါင်းကိုခေါက်လိုက်ပြီး ဆုံးမလိုက်သည်။ထို့နောက် မြို့ထဲ၌ ကျိုးဟိုင်ရှန်းသူ့ကိုပေးခဲ့သော မုန့်ကိုထုတ်၍ ကမ်းပေးလိုက်ကာ ညွှန်ကြားလိုက်လေသည်။

ညီလေးသည် မိသားစု၏ အရင်းများ၌ တစ်ဦးတည်းသော ယောင်္ကျားလေးဖြစ်သော်လည်း သူ့အဖွားသည် အငယ်ဆုံးသားဖြစ်သော သူ့၏ တတိယဦးလေးကိုသာ ချစ်ခင်ပေသည်။ ထို့အပြင်ကိတ်မုန့်တစ်လုံးသည် မိသားစုထံ ယူသွားရန်မလုံလောက်ပေ။ ထို့ကြောင့် ညီလေးကိုသာ ပေးလိုက်မည်ဖြစ်သည်။

 ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်Where stories live. Discover now