Chapter_50

3.5K 119 39
                                    


မင်းမြတ်ရောက်လာပြီးနောက် တော်ဝင်တို့နေသည့် ဒုတိယထပ်တွင်သာ နေလေသည်။ ကနဦး
အပေါ်ဆုံးထပ်မှာ နေရန်ပြင်သော်လည်း ထိုအထပ်တွင် ဘုရားခန်း၊ Gymခန်းနဲ့ တော်ဝင့်ရဲ့အလုပ်ခန်းကိုသာ ကျယ်ကျယ်ဝန်းဝန်း ဆောက်လုပ်ထားတာကြောင့် ဒုတိယထပ်တွင်သာ
နေဖြစ်သွားခြင်းဖြစ်သည်။ ကျောင်းပိတ်ရက်ဆိုလျှင်
မာန်လေးကိုဝိုင်းဝန်းထိန်းပေးတတ်ပြီး ပြင်သစ်ကအလုပ်တွေကိုလည်း တစ်လ၊တစ်ခါ သွားကြည့်ပေး၏။ ထို့ပြင် သူ့ဝါသနာဖြစ်သည့်
ခရီးသွားခြင်းကိုလည်း အားလပ်ရက်တွင် အချိန်ပေး၍ သွားတတ်သော်လည်းအရင်လို
ရက်ရှည်မနေဘဲ အများဆုံးတစ်ပတ်လောက်သာ
နေတတ်သည်။ ထိုသို့အချိန်တွင်တော့ မာန်လေးက သူ့ကိုကို,ကိုလိုက်ရှာနေတတ်ကာ ​မင်းမြတ်ကလည်း တစ်နာရီတစ်ခါလောက်ကို ဖုန်းခေါ်နေတတ်၏။

မင်းမြတ်ကို သူငယ်ချင်းတစ်စုကလည်း အသက်အရမ်းမကွာကြပေမဲ့ သားလိုပင် သဘောထားကြသည်။ အန်ဒရီကလွဲ၍ တခြားသူများက မင်းမြတ်က တော်ဝင်တို့ရဲ့
မွေးစားသားမှန်း အခုမှသိလိုက်ရတာကြောင့်
တော်ဝင်တို့နှစ်ယောက်ကို အရင်တည်းက မပြော၍ ဆူဆဲခဲ့ကြသေးသည်။

ယခုဆိုလျှင် မာန်လေးကလည်း ကိုးလဟူသည့် အရွယ်ကို ရောက်ရှိနေပြီဖြစ်တာ​ကြောင့် ထိုင်တတ်နေပြီဖြစ်ပြီး လမ်းကိုပင် တစ်လှမ်း၊နှစ်လှမ်း စလျှောက်ရှိပြီဖြစ်ကာ စကားတွေကိုလည်း တစ်လုံးစ
နှစ်လုံးစနှင့် ဗလုံးဗထွးပြောတတ်နေပြီ ဖြစ်သည်။
နေ့တိုင်း တော်ဝင်က အလုပ်သွားသလို၊ မင်းမြတ်ကလည်း ကျောင်းသွားနေရတာကြောင့် မာန်လေးက အမြဲတမ်း လွန်းနှင့်သာတစ်နေကုန်နေရလေသည်။ လွန်းအတွက်
တော်ဝင်ဆောက်လုပ်ပေးထားတဲ့ ကော်ဖီဆိုင်မှာ
ပြီးနေပြီ​ဖြစ်သော်လည်း လွန်းမှာထိုဖက်ကို မလှည့်နိုင်သေးတာ​​ကြောင့် ယခုထိမဖွင့်ရသေးပေ။
မာန်လေး လမ်းကောင်းကောင်းလျှောက်တက်သည့်
အရွယ်မှ ဆိုင်ဖွင့်ရန် စဥ်းစားထားသည်။

အရမ်းသွက်ပြီး ဦးနှောက်ကောင်းလွန်းတဲ့ မာန်လေးက ငါးလခွဲလောက်တည်းက
နာမ်းစား​လေးတစ်ခုကို စွဲစွဲမြဲမြဲ စပြောတတ်နေပြီ ဖြစ်သည်။ ထိုနာမ်စားလေးမှာ 'ဖေ'ဟူသည့်
နာမ်စားလေးဖြစ်ပြီး လွန်းကိုရည်ရွယ်၍ ခေါ်ခြင်းဖြစ်လေသည်။ သူ့ဒယ်ဒီ၊သူ့အစ်ကိုနှင့်
ွသူ့ဦးလေးတွေ အသည်းယားပြီး ဝိုင်းနမ်းတဲ့အခါမျိုး၊
သူ့ကို မာန်ဝင်းဟုစနောက်ခေါ်ကြသည့်အခါမျိုးတွင်
သူ့ဖက်လှည့်၍ 'ဖေ'အားကိုးတကြီး ခေါ်တတ်သည်။
လွန်းမှာ ထိုနာမ်စားကို စ,စကြားတုန်းက ဝမ်းသာမျက်ရည်ပါ လည်မိသည်အထိ။

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now