Chapter_44

4.4K 137 39
                                    


"လွန်း"

"ဟင်"

"မောင်တို့ကလေးယူကြရအောင်"

လွန်းရင်ထဲ လှိုက်ခနဲဖြစ်သွားပြီး မောင့်ကို စိုက်ကြည့်နေမိသည်။

"လွန်း စိတ်ကိုအေးအေးထား"

တော်ဝင်က လွန်းကို ရင်ခွင်ဆွဲသွင်း၍ ဆိုသည်။
လွန်းက တော်တော်ကြာသည်အထိ ငြိမ်သက်နေပြီးမှ...

"မောင်လိုချင်ရင် ယူကြတာပေါ့"

"ဟင့်အင်း..လွန်းဆန္ဒပါမှ ယူမှာ၊ မောင့်အတွက်က အရေးမကြီးဘူး။ ကလေးကို မရှိမဖြစ်ယူရမယ်ဆိုတဲ့
အတွေးလည်းမရှိဘူး၊ မယူလည်း ဖြစ်တယ်။
ပြီးတော့ မောင်က ကလေးတွေသိပ်ချစ်တတ်တ​​ဲ့
ကောင်လည်းမဟုတ်ဘူး။ မောင်ပြောတာ နားလည်တယ်မဟုတ်လား"

"အင်း..ကိုယ်နားလည်ပါတယ်။ ကလေးယူရင် ကိုယ်လည်း တခြားအတွေးတွေ တွေးဖို့ ရာခိုင်နှုန်း
နည်းသွားတာပေါ့"

ရွှတ်!

"အရမ်းတော်တယ်"

သူပင်မပြောရသေးဘဲ လွန်းက သိနေပြီတာကြောင့်
ပါးပြင်လေးကို ငုံ့နမ်း၍ ချီးကျူးစကား ဆိုလိုက်မိသည်။

"ဒါဆို လွန်းလက်ခံတယ်ပေါ့"

"အင်း..ကိုယ်တို့ ကလေးလေးယူကြရအောင်"

ပြွတ်စ်!

တော်ဝင်က ပြုံးလိုက်ပြီး လွန်းမျက်နှာကိုမော့စေကာ
လက်တစ်ဖက်နှင့် ထိန်းကိုင်၍ နှုတ်ခမ်းတွေကို ခပ်ဖွဖွ
နမ်းရှိုက်သည်။ အပေါ်တစ်လွှာ၊အောက်တစ်လွှာ
ဖြည်းဖြည်းချင်း စုပ်ယူနေတဲ့တော်ဝင့်အနမ်းတွေက
ကြမ်းတမ်းမှုတို့ အလျှင်းမရှိဘဲ၊ ချိုမြိန်နူးညံ့နေသည်။
အချိန်အနည်းငယ်ကြာမှ ဖယ်ခွာပေးလိုက်ကာ...

"မောင် ဒေါက်တာကို ခေါ်လိုက်တော့မယ်"

"ဟင်..ချက်ချင်းကြီးလား။"

"ဒါပေါ့။ မစောင့်နိုင်တော့ဘူး"

"အင်း..မောင့်သဘောပါ"

တော်ဝင်က လွန်းရဲ့ပါးကိုတစ်ချက် ဖျစ်ညှစ်လိုက်ပြီး...

"လွန်းက တကယ်ကိုအလိမ္မာ အိမ်ပါလေးပါကွာ..."

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now