Chapter_46

4.6K 113 36
                                    


Warning>> ဤအပိုင်းတွင် သွေးထွက်သံယို အခန်းများနှင့်၊ ရက်စက်ကြမ်းကြုတ်ဖွယ် အခန်းများ
ပါဝင်ပါသည်။ ထိုကြောင့် ဤသို့ အခန်းတွေကို မနှစ်သက်သူများအတွက် ကြိုတင်သတိပေးအပ်ပါသည်။⚠⚠⚠
:
:
:
:
:
:
:__________________

ဒီနေ့သည်ကား ရီမီတို့ အိမ်ပြောင်းရမည့်နေ့ဖြစ်သည်။
တစ်ပတ်နှင့်အပြီးဆောက်ချင်သော်လည်း ကြားထဲတွင် မိုးရွာသွားတာကြောင့် နှစ်ပတ်ကျော်လောက် ကြာသွားခဲ့သည်။

နိုင်ဂျယ်က အိမ်ပြောင်းရန် အင်္ကျီတွေထည့်နေပြီး
ရီမီကတော့ macbookတစ်လုံးနဲ့ ရှယ်ယာ စျေးကွက်တွေ ကြည့်နေသည်။ သူက သေလူအဖြစ်နေပြီးတဲ့ သူဖြစ်တာကြောင့် winner groupကို ဆက်ဦးစီးလို့မရ။ သူက ရုတ်တရပ်ကြီး
မရှိတော့တာကြောင့် winner groupက
ယခုဆိုလျှင် အုပ်ချုပ်မည့်သူမရှိတဲ့အတွက် ကမာက်ကမဖြစ်ပြီး ဒေဝါလီခံသွားရပြီ ဖြစ်သည်။
ထို့အတွက်စိတ်မကောင်းဖြစ်လားဆို လုံးဝပါပဲ။
သူနယ်သာလန်ကို မလာခင်တည်းက winner groupက အမြတ်ငွေတွေအကုန်ကို ယူခဲ့ပြီး
ဖြစ်ပြီး သူ့ကိုသစ္စာဖောက်ချင်နေသည့် အကြီးအကဲတစ်ယောက်ကို အမှုဆင်ခဲ့လိုက်သည်။
သူက သေပြီးပြီဟု သတင်းလွှင့်ခဲ့ပြီး လိုဂန်က
အ​ေလာင်း ဖန်တီးပေးခဲ့တဲ့အတွက် သူ့ကိုမည်သူမျှသံသယမဝင်ကြ၊ သံသယဝင်ခဲ့ရင်တောင်
သေပြီးသားဖြစ်တဲ့သူ့ကို ဘာလာလုပ်လို့ရမည်လဲ။

သူ့ရဲ့ရသင့်ရထိုက်တဲ့အမွေတွေ၊ လုပ်ငန်းစုက
အမြတ်တွေ၊ တရားမဝင်အလုပ်တွေကရထားတဲ့ ဝင်ငွေတွေက သူတို့တစ်သက် စားမကုန်သော်လည်း
အစ်ကိုနဲ့ ပုံမှန်စုံတွဲတွေလို ဖြတ်သန်းချင်တာကြောင့်
အလုပ်တစ်ခုခု လုပ်ရန်ဆုံးဖြတ်ထားသည်။

သူကျွမ်းကျင်တဲ့အလုပ်ဆိုလို့ လူသတ်တာ၊ ရှယ်ယာကစားတာနဲ့ အစ်ကို့ကိုချစ်တတ်တာပဲ ရှိ၏။
အစ်ကို့ကိုချစ်တာကတော့ အကျွမ်းကျင်ဆုံး ဆိုသော်လည်း ဒါကိုပဲလုပ်နေလို့လည်းမရပေ။ ကြေးစားလူလိုက်သတ်ရင်လည်း
ပိုက်ဆံအရမ်းရပြီး ဝင်ငွေကောင်းနိုင်ပေမဲ့ အစ်ကိုက
မကြိုက်နိုင်သလို၊သူသည်လည်း ေအးအေးဆေးဆေးသာ နေချင်၏။ ထို့ကြောင့်
ရှယ်ယာကစားတာကိုသာ ရွေးချယ်လိုက်ရသည်။

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now