Chapter_35

4.1K 141 20
                                    


spoiler>>side coupleအတွဲတစ်တွဲSEဖြစ်ပါမယ်။

___________________
:
:
:
:______

တီ တီ တီ

စာဖတ်နေတုန်းက စားပွဲပေါ်တင်ထားသည့် ဖုန်းက တုန်ခါလာတာကြောင့် စာအုပ်ကိုချ၍ ဖုန်းက်ို ယူကြည့်လိုက်သည်။ ခေါ်ဆိုသူက ဒေါ်ခင်လေပြေသွင် ဖြစ်နေတာကြောင့် လွန်းပါးချိုင့်သေးသေးလေးတစ်ဖက်
ထင်ရှားသွား၏။

"မေ..."

*ကောင်းကျိုးမပေးတဲ့ကောင်! မွေးထဲက ငါ့ကို ကောင်းကျိုးတစ်ခုမှ မပေးတဲ့ကောင်! နင်က မမွေးခင်တည်းက သေသွားသင့်တာ!*

'မေမေ'ဆိုသည့် လွန်းရဲ့ခေါ်သံ မဆုံးသေးခင်မှာပင်
တရက်စပ်ပြောလာသည့် မေမေ့ရဲ့ ဒေါသတကြီး အော်သံတွေကြောင့် လွန်းအပြုံးတွေ ရပ်တန့်သွားရ၏။
မွေးထားတဲ့အမေတစ်ယောက်ဆီက ထိုသို့စကားမျိုး ကြားရသည်ကတကယ်အဆင်မပြေ။

နာလိုက်တာ..၊ လွန်းရင်ဖက်တွေအရမ်းနာသည်။ လွန်းတော့ နှလုံးဆေးတွေ ပြန်သောက်ရတော့မည်ထင်သည်။

"မေမေ..ကျွန်တော်ဘာလုပ်မိလို့လဲ"

"နင့်ကြောင့် ကိုကျော်စွာသေရတာ..နင့်ကြောင့်!!
လွန်းလေပြေသွင် နင်ငါ့ကိုဘယ်အချိန်ထိ ဒုက္ခပေးနေအုံးမှာလဲ။ ဟမ်!"

ဒေါ်ခင်လေပြေသွင် ဝမ်းနည်းတကြီး ရှိုက်ငိုရင်း ပြောသည်။

"ဖေဖေ သေတယ်..."

"ဟုတ်တယ်၊ နင့်ကောင်သတ်တာ!"

လွန်းတစ်ကိုယ်လုံးတောင့်ခဲသွား၏။

"ကိုကျော်စွာကို ပြန်ခေါ်ပေး!!"

ဒေါ်ခင်လေပြေသွင်ရဲ့ ငိုရှိုက်သံတွေက ပိုပြီး ကျယ်လောင်
အက်ကွဲလာသည်။

"သေသွားတဲ့သူကို ဘယ်လိုပြန်ခေါ်ပေးရမှာလဲ မေမေ။
အမှန်တိုင်းပြောရရင် ကျွန်တော် ဦးကျော်စွာဦးကို အရမ်းမုန်းတယ်။ အဲ့ဒါကြောင့် သူသေတာကို အရေးတယူ
လုပ်နေမှာမဟုတ်ဘူး"

"ဂြိုလ်ဆိုးကောင်၊ နင်ကငါ့အတွက် ဂြိုလ်ဆိုးဘဲ လွန်းလေပြေသွင်"

တီ!

လွန်း ဆက်မနားမထောင်နိုင်တော့သည်ကြောင့် ဖုန်းချပစ်လိုက်သည်။

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now