Chapter_37

4.1K 132 11
                                    

(စာကို လုံးဝ(လုံးဝ)ကျော်မဖတ်ဖို့ သတ်ိပေးပါရစေ။)
:
:
:
:
:
:
:
:
_________________

လီယန်ရဲ့ လူတွေရောက်တဲ့အချိန်ထိ စောင့်နေရင်း ဒရုန်း
နှစ်ဆယ်လောက်ကို မျက်ခြေမပျက်ကြည့်နေရ၏။
နှစ်ဆယ်လုံးက အလွန်းသေးငယ်တဲ့ ပျားပုံစံဒရုန်းတွေ
ဖြစ်တာမို့ နေသန်သတိထားမိမည်မဟုတ်။

"လူအနည်းဆုံးရှိတဲ့ အထပ်ကိုကြည့်"

တော်ဝင်က ဒရုန်းတွေကို ထိန်းချုပ်နေသည့် လူများကို
လှည့်ပြောသည်။ တော်ဝင်ပြောသည့်အတိုင်း လူငါးယောက်လောက်က လူနည်းလို့လွှတ်ထားမိသည့်
တတိယထပ်ကို ရွေ့လျားကြတော့သည်။

တော်ဝင်က အနောက်ကို လှည့်လိုက်ပြီး မြင်ကွင်းကို ဖုံးနေသည့်ဆံနွယ်ရှည်ကို တစ်ဝက်,ဝက်၍ စုထုံးလိုက်သည်။

"လိုဂန်အမျိုးသားကို တွေ့ပြီ!"

အဖွဲ့သားထဲက တစ်ယောက်ရဲ့ သတိပေးသံကြောင့် တော်ဝင်
screenဖက်ကို ချက်ချင်း လှည့်ကြည့်လိုက်ပြီး သေချာစူးစိုက်ကြည့်လိုက်သည်။
လွန်းကို လက်ပြန်ကြိုးတုတ်၍ ဒူးထောက်ထိုင်ခိုင်းထားပြီး
ဒေါ်ခင်လေပြေသွင်လည်း လွန်းရဲ့အရှေ့တွင် ရှိနေသည်။
နေသန်ကတော့ ခုံတစ်ခုံတွင်ခြေချိတ်ထိုင်နေလေသည်။
အခန်းပတ်ပတ်လည်ကို တော်ဝင်သေချာကြည့်ပြီး တစ်စုံတစ်ခုကို သတိထားမိသွားသည်။

"နေသန့်အနားမှာ ဟယ်ရီမရှိဘူး"

တော်ဝင်က ခပ်တိုးတိုးရေရွတ်လိုက်ပြီး ဟက်ခနဲ ရယ်ချလိုက်သည်။

___________________________

ပြတင်းပေါက်မှန်မှ ဖြာကျနေသည့် အလင်းရောင်သဲ့သဲ့ကိုသာ အားပြု၍ လင်းနေရသော တိတ်ဆိတ်ငြိမ်သက်နေသည့်အခန်းတစ်ခုတွင် အသက်ရှူသံ
ခပ်ပြင်းပြင်းကသာ ကြီးစိုးမင်းမူနေလေသည်။

"နေသန်..မင်းဘယ်မှာလဲ"

ထိုအခန်းထဲမှထွက်လာသည့် အက်ကွဲတုန်ယင်နေသည့် အသံက ခပ်တိုးတိုး။

မနေ့ညကပင် ဖျားနေတဲ့သူ့ကို ဂရုစိုက်ပေးနေသည့် နေသန်က မနက်ခင်းရောက်တော့ သူ့ကိုအခန်းထဲတွင် သော့ခတ်၍
ချန်ထားခဲ့ကာ ထွက်သွားလေသည်။ နေသန်ဟာ သူ့ကို ဂရုစိုက်မှုတွေကြား ကြာကြာ ပျော်မွှေ့ခွင့်မပြုပေ။

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now