Chapter_17

8.4K 210 23
                                    


တီ တီ တီ!

တီ တီ တီ!

တီ တီ တီ!

အဆက်ထွက်ပေါ်နေတဲ့ ဖုန်းသံကြောင့်
လွန်းလန့်နိုးသွားမည်စိုး၍ တော်ဝင်အိပ်ရာပေါ်မှ ခပ်မြန်မြန်ထလိုက်၏။
ကုတင်ပေါ်ကဆင်းကာ လွန်းဘောင်းဘီအိတ်ကပ်ထဲက
ဖုန်းကို ယူ၍ ကိုင်လိုက်သည်။

"အင်း..ဘယ်သူ..."

'လွန်း!'

စကားမဆုံးခင်မှာတင် စူးစူးဝါးဝါးအော်လာသည့်
တစ်ဖက်လူကြောင့် တော်ဝင် ဖုန်းကိုပင်
နား,နားက ခွာလိုက်မိကာ
ဒေါသလည်း ထောင်းခနဲထွက်သွား၏။
contact nameကိုကြည့်လိုက်တော့
'ကြယ်ရောင်စင်'ဟူသည့် အမည်ကြောင့်
ပြောလိုက်ချင်သည့် စကားတို့ကိုမြိုချလိုက်ကာ စကားကောင်းပြောဖို့သာ ပြင်လိုက်သည်။

"ကြယ်ရောင်စင်..ငါ...."

'လွန်းအသံလည်း မဟုတ်ဘူး။ မင်းဘယ်သူလဲ!
လွန်း..လွန်းရော! ခွန်းရေ..လာပါအုံး!'

စကားကိုဆုံးအောင် နားမထောင်ဘဲ ခွန်းဦးကိုပါ
အော်ခေါ်နေတဲ့ ကြယ်ရောင်ကြောင့်
တော်ဝင် စုပ်သတ်မိလိုက်သည်။ ထို့နောက်
လွန်းသိက္ခာရှိသေးတာကြောင့် စကားကိုဖာဖာထေးထေး​ပြောလိုက်၏။

"ကျစ်!..ငါ ထင်ရှားတော်ဝင်မောင်။
လွန်းဘာမှမဖြစ်ဘူး။
လွန်းက အခုငါ့နဲ့အတူရှိနေတာမို့ မင်းစိတ်မပူနဲ့။
ညက နောက်ကျသွားလို့
အိမ်ပြန်မပို့ဘဲ ငါ့အိမ်မှာပဲ သိပ်လိုက်တာ။"

ကြယ်ရောင် ဘာမှပြန်မပြောနိုင်ခင်မှာပင်
တော်ဝင် တစ်ရပ်စပ်ပြောပေးလိုက်သည်။
မဟုတ်ရင် လွန်းလေပြေသွင်သူငယ်ချင်းက
ငိုသံကြီးနဲ့ ဖြတ်ဖြတ်ပြောတာကို
သူတကယ်မခံစားနိုင်တော့ပေ။

'ဟုတ်လို့လား..'

"မင်းကိုလိမ်လို့ငါက ဘာရမှာမို့လို့လဲ"

'ဟယ်လို... အစ်ကိုခွန်းဦးပါ။
လွန်းအဆင်ပြေရင် ရပါပြီ။ အစ်ကိုတို့က
တစ်ညလုံးပြန်မလာတော့ စိတ်ပူလို့ပါ။'

ခွန်းဦးက ကြယ်ရောင်ဆီမှ ဖုန်းကိုယူပြီး
ပြောလိုက်သည်။ ထိုသို့ခပ်အေးအေး ပြောလိုက်သည့်
အသံတွင် စိုးရိမ်မှုတို့ကိန်းအောင်းနေ၏။

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now