ရီမီ မျက်ခုံးပါးတို့က အလိုမကျစွာတွန့်ချိုးနေရသည်။ အကြောင်းမှာ အလုပ်သွားခါနီး ဗုံးပေါက်တဲ့ကိစ္စနဲ့ စစ်ဆေးစရာရှိသည်ဟု ခေါ်တဲ့ ရဲတွေကြောင့်ဖြစ်၏။"ဗုံးကို အိမ်ထဲထိ ဝင်ထောင်သွားတာဆိုတော့ ညီလေးနဲ့ သိတဲ့သူများ ဖြစ်နေမလား"
သူ့ရှေ့ကရဲတွေကို ရီမီစိတ်ရှုပ်သလို ကြည့်လိုက်သည်။
"နေသန်၊ သူလုပ်တာ။"
"ဟမ်..သက်သေမရှိဘဲ အဲ့လို တထစ်ချကြီး ပြောတာကတော့ မကောင်းဘူးထင်တယ်။"
"ကျစ်! စောက်ရေးမပါတာ.၊ တရားခံကို ပြောပြနေတာတောင် ပြောတဲ့ကျွန်တော်ကဘဲ မှားတဲ့ပုံနဲ့။ ဒါဆိုလည်း ကိုယ်တိုင်သာ စုံစမ်း။"
အရင်က ရီမီသည် ဖော်ရွေသဘောကောင်းသည့် ပုံစံကို
အမြဲအသွင်ယူထားလေ့ရှိသော်ငြား နိုင်ဂျယ်မရှိတော့သည့် နောက်ပိုင်းတွင်တော့ အရင်ကဲ့သို့ ဖော်ရွေစွာပင် ဟန်မဆောင်နိုင်တော့။ ထိုသို့ ဟန်ဆောင်နိုင်ဖို့ မဆိုနှင့်
အမြဲလိုလို မြင်ရတတ်တဲ့ ရီမီရဲ့ သွားစွယ်လေးတွေကိုပင် မြင်ရဖို့က ခပ်ရှားရှား ဖြစ်လာသည်။"အာ..ကျွန်တော်တို့က အဲ့လိုပြောတာမဟုတ်..."
"အလုပ်ရှိလို့ သွားခွင့်ပြုပါဦး"
ရီမီက ပြောပြီးသည်နှင့် ထိုင်နေရာမှထ၍ ရဲစခန်းထဲက ထွက်လာလိုက်ပြီး King Groupကို ဦးတည်လိုက်သည်။ King Groupရဲ့ ကားပါကင်မှာ ပါကင်ထိုးပြီး ခံတွင်းချဥ်လာတာကြောင့် ဒတ်ခ်ဘုတ်ပေါ်က စီးကရက်ဘူးကို ယူလိုက်သည်။ စီးကရက်တစ်လိပ်ကို နှုတ်ခမ်းကြားညှပ်ပြီး မီးခြစ်ကို လက်လှမ်းပြီးမှ 'ကိုယ်ဆေးလိပ်သောက်တာမကြိုက်ဘူး' ဆိုသည့် စကားကို ပြန်ကြားယောင်လိုက်တာကြောင့် လက်က လေထဲတွင် ရပ်တန့်သွားတော့သည်။
"အစ်ကို့အတွက် ကလဲ့စားချေပြီးတာနဲ့ လိိုက်ခဲ့မှာမို့ စောင့်နေပါအစ်ကို"
ထို့နောက် နှုတ်ခမ်းကြား ညှပ်ထားသည့် စီးကရက်ကို လက်ဖြင့် ထက်ပိုင်းချိုးချလိုက်၍ ခပ်တိုးတိုးဆိုလိုက်ပြီး
ကားထဲမှ ထွက်လိုက်သည်။
YOU ARE READING
မောင့်၏...တစ်ဦးဆိုင်နာမ်(completed) မ်ေမာင့္၏...တစ္ဦးဆိုင္နာမ္
Romantik"မင်းသာမရှိရင် ဘဝကြီးက ဆေးလိပ်တစ်လိပ်ကို မီးမညှိပဲ နှုတ်ခမ်းကြားထဲ ညှပ်ထားရသလိုဘဲ မပြည့်စုံသလို အဓိပ္ပါယ်လည်းမရှိဘူး" ------ ထင်ရှားတော်ဝင်မောင် × လွန်းလေပြေသွင် Green flag seme × normal Uke start date-10/12/2023 End date_12/6/2024 •••••• A/N: poss...