Chapter_15

9.5K 292 6
                                    


"King..ဟိုတစ်လောက ကျွန်တော်တို့လိုချင်တဲ့
မြေကွက်တွေကို ဝယ်သွားတဲ့သူက Remyပါ။"

"အင်း..အဲ့တော့ သူကဒီရောက်နေတယ်ပေါ့"

"ဟုတ်ကဲ့။ Winner Groupရဲ့ CEOအဖြစ်လုပ်ပါတယ်။ နာမည်လည်း
ပြောင်းထားပါတယ်၊ နေ့လွန်းသစ်တဲ့။".

"ဟုတ်ပြီ။ သူ့ကိုစောင့်ကြည့်ထား။ပြီးတော့..
သူ ငါတို့ ကုမ္ပဏီနဲ့ အလုပ်တွဲလုပ်ဖို့ လုပ်လိမ့်မယ်။ အဲ့ကျရင်
မသိချင်ဟန်ဆောင်ပြီး လက်ခံပေးလိုက်"

"အဲ့ဒါက အန္တာရယ်မများဘူးလားKing"

"ဘာမှမဖြစ်ဘူး။ သူအခုလှုပ်ရှားသေးမှာ
မဟုတ်ဘူး။ ဒါပေမဲ့ ကြိုတင်ပြင်ဆင်ထားစရာရှိတာတွေ ပြင်ဆင်ထား။ လောလောဆယ်တော့ သူ့ကိုစောင့်ကြည့်ထား။"

"ဟုတ်ကဲ့ King။ ဒါက နှစ်ချုပ်စာရင်းတွေပါ။
Kingက ကိုယ်တိုင် စစ်မယ်ဆိုလို့ ကျွန်တော်ထပ်မစစ်ထားပါဘူး။"

"အင်း.။ လုပ်စရာရှိတာ သွားလုပ်လို့ရပြီ။"

"ဟုတ်ကဲ့။"

ရတုထွက်သွားမှ ဆိုဖာမှာ ထိုင်ရင်း အလုပ်,လုပ်နေတဲ့
လွန်းက တော်ဝင့်ဆီကို ထလာ၏။

"ရှား..ဒီမှာ အင်္ကျီတေွအတွက် ပိုးထည်ဝယ်ထားတဲ့
စာရင်းပြီးပြီ။.."

"ဟုတ်ကဲ့ပါဗျ"

တော်ဝင်က ရယ်သံသွေးကာ ပြောတော့
လွန်းခပ်ဖွဖွ ရယ်မောလိုက်ပြီး...

"ပြီးတော့...ဒါက သူတို့ပို့လိုက်တဲ့ ပိုးထည်။
ရှား စိတ်တိုင်းကျရဲ့လားစစ်ကြည့်"

တော်ဝင်က လွန်းပေးတဲ့ ပိုးထည် တစ်စကို ယူ၍
စစ်ကြည့်သည်။
ကိုင်လိုက်တာနဲ့ နူးညံ့၊ နွေးထွေးနေတဲ့ အထိအတွေ့ကြောင့်
တော်ဝင် ကျေနပ်သွား၏။

"အင်း.. နူးညံ့တယ်။
ဒါပေမဲ့..စိတ်တိုင်းမကျဘူး"

"ဟမ်..ဘာဖြစ်လို့လဲ"

တော်ဝင်က ထိုင်နေရာမှ စားပွဲရှေ့ မတ်တပ်ရပ်နေတဲ့
လွန်းနားကို လမ်းလျှောက်လာကာ လွန်းနှုတ်ခမ်းတွေကို
ငုံ့နမ်းလိုက်သည်။

ပြွတ်စ်

"အဟွန်း..ခင်ဗျား နှုတ်ခမ်းလောက် မနူးညံ့တော့
သိပ်စိတ်တိုင်းမကျဘူး"

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now