Warning:::ဤအပိုင်းတွင် သွေးထွက်သံယို အခန်းများနှင့်၊ ရက်စက်ကြမ်းကြုတ်ဖွယ် အခန်းများ
ပါဝင်ပါသည်။ ထိုကြောင့် ဤသို့အခန်းတွေကို မနှစ်သက်သူများအတွက် ကြိုတင်သတိပေးအပ်ပါသည်။
(အရမ်းဆိုးရွားမှာတော့ မဟုတ်ပါဘူး နည်းနည်းပါပဲ)
:
:
:
:
:
:
:
အလင်းရောင်ဆိုသည့် အရိပ်အယောင်ကို အစအနမျှပင်
ရှာမတွေ့နိုင်သည့် အခန်းကျယ်ကြီးတစ်ခန်း၏ တိတ်ဆိတ်မှုအတိုင်းအတာသည် မည်မျှထိရှိလည်းဆိုလျှင်
အသက်ရူသံမျှင်းမျှင်းတို့ကိုပါ အတိုင်းသား
ကြားနေရသည်အထိ။ ထိုအချိန်တွင်
တစ်ခုတည်းသာရှိသော လူဝင်ပေါက် တံခါးပွင့်လာကာ လူငယ်နှစ်ဦးဝင်လာသည်နှင့် တပြိုင်နက် အခန်းထဲတွင်
နီယွန်မီးသီးတစ်လုံးသည်လည်း ပွင့်လာချေသည်။
အလင်းရောင်အနည်းငယ်ရသွားတာကြောင့် အခန်းကို
အနည်းငယ်ရှင်းလင်းစွာ မြင်ရသွား၏။
အခန်းကျယ်ကြီး၏ အလယ်ဟုထင်မှတ်ရသောနေရာတွင်
လူနှစ်ဦးကို ခုံတစ်ခုံဆီဖြင့် နောက်ပြန်ကြိုးတုတ်ထားကာ
ထိုခုံများနှင့် မလှမ်းမကမ်းတွင် စားပွဲရှည်တစ်ခုရှိ၏
ထိုပေါ်တွင်လည်း မျိုးစုံသော ပစ္စည်းတွေကို တင်ထား၏။"သူတို့ကိုနှိုးပေးလိုက်အုံး၊ နိုင်ဂျယ်"
ရီမီက ခုံနှစ်လုံးနှင့် ဘေးချင်းကပ် ထိုင်နေသည့်
လူတွေကို မေးငေါ့ပြကာဆိုတော့ နိုင်ဂျယ်က ချက်ချင်းပင် စားပွဲရှည်ပေါ်တွင် တင်ထားသည့် အက်ဆစ်ဘူးကိုယူ၍ ထိုင်နေသည့်လူနှစ်ယောက်၏ ပေါင်ပေါ်သို့တစ်လှည့်ဆီ လောင်းချလိုက်သည်။ အက်ဆစ်ကအသားတွေတွေကို တဖြည်းဖြည်းချင်း တိုက်စားသွားတော့ နာနာကျင်ကျင် အော်ဟစ်လာသည့် အသံတို့က ရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လာသည်။"အား!!!"
"အား!!!"
"ohh နှိုးရမခက်ဘူးဘဲ"
"နေ့လွန်းသစ်..မင်း!..."
"အဟက်!"
ရီမီရဲ့ခြောက်ကပ်ကပ်ရယ်သံတို့က အေးစက်စက် ဖြစ်နေသည့် အခန်းကိုပို၍အေးစက်သွားစေသည်လို့
ထင်ရသည်အထိ အေးစက်စက်နိုင်၏။"ဘာလဲ? ခင်ဗျားက ကျွန်တော့်ကို ကျေးဇူးတင်ရမှာ
မဟုတ်ဘူးလား။ ခင်ဗျားကို အဲ့ဒီစောက်ရမ်း
ကြမ်းတဲ့ ထောင်ထဲမဝင်ရအောင်
ကျွန်တော်က ကူညီပေးတာလေ"
YOU ARE READING
မောင့်၏...တစ်ဦးဆိုင်နာမ်(completed) မျမောင့်၏...တစ်ဦးဆိုင်နာမ်
Romance"မင်းသာမရှိရင် ဘဝကြီးက ဆေးလိပ်တစ်လိပ်ကို မီးမညှိပဲ နှုတ်ခမ်းကြားထဲ ညှပ်ထားရသလိုဘဲ မပြည့်စုံသလို အဓိပ္ပါယ်လည်းမရှိဘူး" ------ ထင်ရှားတော်ဝင်မောင် × လွန်းလေပြေသွင် Green flag seme × normal Uke start date-10/12/2023 End date_12/6/2024 •••••• A/N: poss...