Chapter_20 (Z)

424 7 0
                                    

သက်ရှိလူတစ်ဦးမျှပင် စကားမပြောကြသည်ကြောင့်
တိတ်ဆိတ်မှုတို့ ကြီးစိုးမင်းမူနေသည့် အစည်းအဝေးခန်းကြီးကို
ကြည့်၍ တော်ဝင်ခပ်မဲ့မဲ့ပြုံးလိုက်မိကာ
ခြေချိတ်ထိုင်လိုက်၏။

တော်ဝင်က အရင်နေ့တွေလို Formal suitဝတ်ထားတာ
မဟုတ်ဘဲ လူငယ်ဆန်ဆန် ဝတ်ထားခြင်းဖြစ်၏။
ရှပ်လက်တို အနက်ရောင်ပြောင်ပေါ်တွင်
ဂျက်ကင်အနက်ရောင်ကိုလည်း ထပ်ဝတ်ထားခြင်း​ဖြစ်သည်။
ရာသီဥတုက အိုက်စက်စက်ဖြစ်နေသော်ငြား
အစည်းအဝေးခန်းထဲတွင် အဲလ်ကွန်းရဲ့
အကူအညီဖြင့်အေးနေ၍သာတော်တော့၏။
ဘောင်းဘီသည်လည်း အနက်ရောင်သာဖြစ်သည်။
ခြေချင်းဝတ်အထက်လောက်ထိရှည်တဲ့ Master Boot အနက်ရောင်ကို စီးထားသေးသည်​ကြောင့်
တော်ဝင်ရဲ့ တစ်ကိုယ်လုံးက နက်စွေးနေ၏။

အရင်နေ့တွေလို ဂုတ်ထောက်ဆံပင်နက်တွေကို စုစည်းထားတာမဟုတ်ဘဲ ဖြန့်ချထားတာကြောင့်
မျက်နှာပေါ်တွင် ဟိုတစ်စ၊ ဒီတစ်စကျကာ
စူးရှတဲ့ မျက်ဝန်းတို့ကိုပင် အရင်လို အသေအချာမမြင်ရပေ။
သို့သော် မည်သူမျှ
အကြည့်ချင်းဆုံအောင် မကြည့်နိုင်။
စက္ကန့်ပိုင်းမျှအကြည့်ချင်းဆုံရုံနှင့်ပင် ခေါင်းငုံ့သွားတတ်ကြသည်။
နားတစ်ဖက်တွင်လည်း ear ringတချို့ကိုလည်း တပ်ထား၏။
သို့သော် မြင်ရသူအဖို့ မျက်စိမရှုပ်​စေဘဲ ပို၍
ဆွဲဆောင်မှုရှိနေစေသည်။
တော်ဝင်ပုံစံက လူငယ်ဆန်နေပေမဲ့ သူ့ရဲ့အရှိန်အဝါကတော့
လျှော့ပါးမသွားဘဲ ပို၍ ကြီးမားနေသည်ဟုပင်
ထင်ရသည်။

"ကဲ...ကျွန်တော်ပြောသလို ကိုယ်လုပ်ရက်ကိုယ်
ဝန်ခံလိုက်..။ မြန်မြန်ပြောကြ..ခင်ဗျားတို့ကြောင့်
ကျွန်တော့်လက်ထပ်ပွဲကိုတောင် နောက်ရွှေ့ထားရတာ။ ခင်ဗျားတို့ဝန်မခံရင် ကျွန်တော်ကိုယ်တိုင်
ပြောရလိမ့်မယ်။ ကျွန်တော်ပြောရရင်တော့
အပြစ်ကပိုကြီးသွားမယ်နော်..။"

တော်ဝင်က လေပြေ,အေးလေးနဲ့ ပြောတော့
ရှယ်ယာရှင်တွေအားလုံးရဲ့ မျက်နှာထက်
စိတ်ရှုပ်ဟန်အပြည့်။
ထိုသို့ စိတ်ရှုပ်နေသည်မှာ တခြားကြောင့်တော့မဟုတ်။
သူတို့CEOထင်ရှားတော်ဝင်မောင်က သူ့အတွင်းရေးမှုး
တစ်နည်း သူ့ခင်ပွန်းလောင်းရဲ့
ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် သူ့ကိုမြူစွယ်ခဲ့တယ်လို့
သတင်းတင်သူကို ဝန်ခံခိုင်းနေခြင်းကြောင့်ဖြစ်သည်။

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now