Chapter_21*

7.7K 216 12
                                    


​✴This part contains mature scenes. Read at your own risk.✴
(chapterတစ်ခုလုံး အဲ့အခန်းတွေမို့ မကြိုက်ရင်ဒီအပိုင်းကို ကျော်ဖတ်ကြပါ)

::::::::::::

တော်ဝင်တို့ မြန်မာကနေ နေ့လည်ဆယ့်တစ်နာရီလောက်
ထွက်လာပြီး  ညနက်ပိုင်းလောက်တွင် ပဲရစ်ရှိ
တော်ဝင့် အိမ်ကိုရောက်လာခဲ့၏။
Private jetနဲ့မို့သာ ဒီလောက်အချိန်ရောက်နိုင်တာဖြစ်သည်။

"လွန်း..ပင်ပန်းနေပြီမလား.။ အရင်နားလိုက်နော်.."

"အင်း.."

ခရီးပန်းလာမှုကြောင့် လွန်းမျက်နှာက
နွမ်းလျလျ။

"မောင်အခန်းလိုက်ပြမယ်။ရတု... မင်းတို့လည်းနားတော့၊ အန်ဒရီရောပဲ"

"ဟုတ်ကဲ့၊ Kingလည်းနားအုံး.."

တော်ဝင်က ရတုနဲ့ အန်ဒရီကိုလှည့်ပြောတော့
ရတုကသာ ပြန်ဖြေ၍ အန်ဒရီ မျက်နှာက
စူပုပ်နေပြီး တော်ဝင့်ကို
ကြည့်ပင်မကြည့်ဘဲ သူ့အိမ်သူ့ယာလို
အပေါ်ထပ်တက်သွား၏။
မြန်မာမှာတည်းက စိတ်ဆိုးလာသည်က
ပြင်သစ်ရောက်သည်အထိ စိတ်ဆိုးကောင်းဆဲ
ဖြစ်နေတာမို့ တော်ဝင်မျက်နှာမဲ့လိုက်မိသည်။

ထိုသို့စိတ်ဆိုးနေရသည်က ရတုပါးပြင်ပေါ်က
ဦးမော်လင်းအောင် ထိုးလိုက်သည့် ဒဏ်ရာကြောင့်ဖြစ်သည်။
ပေါင်ပေါ်က​ေနဖုန်းကျစေရန် ရတုကို အထိုးခံခိုင်းသည်မှအစ
သက်သေဖျောက်ရန် ကုမ္ပဏီကို လူငယ်ဆန်ဆန်ဝတ်သွားပြီး
Master Bootစီးသွားသည်မှ အဆုံး
တော်ဝင်အကြံတွေချည်းပေမို့
ရတုအထိုးခံရတာ တော်ဝင့်ကြောင့်ဟုဆိုကာ
အန်ဒရီက စိတ်ဆိုးနေခြင်းဖြစ်သည်။

"..လွန်း..အနွေးထည်ဝတ်ထားလေကွာ.."

အခန်းထဲရောက်သည်နှင့် ဝတ်ထားသည့် အနွေးထည်ကို ချွတ်ရန်ပြင်နေသည့် လွန်းကြောင့် တော်ဝင်အမြန်တားလိုက်သည်။

"ကိုယ်အနွေးထည်ကြီးနဲ့ မအိပ်တတ်ဘူး
စိတ်ရှုပ်တယ်။"

"အင်း..အဲ့ဒါဆို အထူကြီး မဝတ်အိပ်နဲ့
နည်းနည်းပါးတာလေးတော့ ဝတ်အိပ်လေ.."

"အင်းပါ..ကိုယ်မျက်နှာသစ်ချင်တယ်."

"သွားသစ်၊ မြန်မြန်လုပ်နော်.."

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now