Chapter_9

9.4K 346 10
                                    


"ဘဲကြီး Kingနဲ့ အစ်ကိုသေးသေးလေးက
ဘာလို့မလိုက်လာတာလဲ"

"အဲ့ဒါတော့ ကျွန်တော်လည်းမသိဘူး"

"သူတို့ ဘာလုပ်ကြဖို့လဲ မသိဘူးနော်။
အတူနေကြ မလို့များလား။"

ရတု ဘေးကနေ မဟုတ်တာတွေလိုက်
ပြောနေသူကို ပေစောင်းစောင်းကြည့်မိသည်။
တကယ် ပြောရဲဆိုရဲရပ်ကွက်က!

"ဟင်..ဘဲကြီးရော ဘယ်လိုထင်လဲ.."

"အစ်ကိုလေးတွေးသလိုမျိုး မဟုတ်လောက်ပါဘူး။
kingက ယောကျာ်းလေးတွေမကြိုက်ဘူး။
ပြီးတော့ သူတို့က ဘာမှ,မှ မသက်ဆိုင်ကြတာ"

kingက နည်းနည်းကွေးနေပြီဆိုတာ သိပေမဲ့
ဒီပြင်သစ်သားက သူထင်ရာတွေ
ေလျှာက်ပြောအုံးမှာစိုးတာကြောင့်
ထိုအတိုင်းသာ ပြောလိုက်သည်။

"ဘာမှမဆိုင်တာနဲ့ မလုပ်ရတော့ဘူးလား။
မဆိုင်လည်း အတူနေလို့ရတာပဲကို။
ပြီးတော့ တော်ဝင်က ယောကျ်ားတွေမကြိုက်ဘူး
ဟုတ်လား..မဖြစ်နိုင်တာ။
ဟိုအစ်ကိုသေးသေးလေးကို အမြဲတမ်း
ဘယ်လိုကြည့်တာ ဟိုဟာလေ....
အာ..အချစ်..ဟုတ်တယ်
အချစ်မျက်လုံးတွေနဲ့ ကြည့်နေတာလေ။
ဘဲကြီးလည်း သိတာပဲ မဟုတ်ဘူးလား။"

ပြင်သစ်သားက စကားကိုမေ့နေလို့
Memory recallလုပ်ကာ
ပြောနေရသေးသည်။
ကိုယ်က ပြောမိလိုက်တာ နည်းနည်းပါ
သူပြန်ပြောတာက ရေပတ်မဝင်။

"ဘဲကြီးကဗျာ..ကျွန်တော်ပြောရင် ပြန်ပြောလေ။"

"အင်း..အစ်ကိုလေးပြောတာလည်း တစ်ချို့တလေ
မှန်ပါတယ်"

"တချို့တလေဆိုတော့ အကုန်မမှန်ဘူးလား။
ကျွန်တော်ပြောတဲ့ထဲ ဘယ်မှာမှားလို့လဲ"

"Kingက အစ်ကိုလွန်းကို အဲ့လိုတွေကြည့်ပြီး
ကြိုက်နေတာက ဟုတ်ပေမဲ့။
ဘာမှမသက်ဆိုင်သေးဘဲ အတူနေမှာ
မဟုတ်ဘူး။ မသက်ဆိုင်လည်း အတူနေလို့ရပေမဲ့ Kingက သူတကယ်ချစ်တဲ့သူကို အဲ့လိုလုပ်မှာ
မဟုတ်ဘူး"

"kingကို အရမ်းကာကွယ်ပေးတာနော်။
တော်​ေတာ်ချစ်နေတယ်ဟုတ်လား။"

အန်ဒရီက မဲ့ရွဲ့ကာဆိုတော့ ရတု ကြိတ်ပြုံး လိုက်မိသည်။

"ဟုတ်ပါတယ်။ Kingနဲ့က ငယ်ငယ်လေးထဲက
နေလာတာမို့ ကျွန်တော် Kingကိုချစ်ပါတယ်"

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now