Chapter_52{Finale}

8.9K 156 215
                                    


၅နှစ်ခန့်ကြာသော်...

ယနေ့တွင်တော့ ရီမီနဲ့နိုင်ဂျယ်တို့နှစ်ယောက် အိမ်အတွက်လိုအပ်တာလေးတွေ ဝယ်ပြီး တစ်ပတ်စာ အစားအသောက်ပစ္စည်းတွေ
ဝယ်ရန် စျေးဝယ်ထွက်လာခြင်းပင်။ တစ်နည်းအားဖြင့် ဆိုလျှင်တော့ dateကြခြင်းဖြစ်၏။

သူတို့နှစ်​ယောက်လုံးက စတစ်ကာပါ ခရမ်းနှရောင် ရှပ်ဆင်တူလေးကို ဝတ်ဆင်ထားခြင်းဖြစ်သည်။
ကလေးဆန်တဲ့ရည်းစားကို ရထားတော့လည်း
သုံးဆယ်ကျော်အရွယ်ကျမှ ဆယ်ကျော်သက်လေးလို
ပြုမူနေရတဲ့ဘဝ။ သို့သော် အသစ်အဆန်းဖြစ်ပြီး
ပျော်နေမိတာကိုတော့ သူ့မျက်နှာက အပြုံးတွေကြောင့်
လိမ်လို့မရပါချေ။

"အစ်ကို"

"ဟင်"

"အိပ်ရာခင်းအသစ် ဝယ်ထားမလား"

"သဘော"

"ဆယ်စုံလောက်ဝယ်ထားလိုက်​ကြရအောင်"

"ကောင်လေး ဝယ်ချင်ဝယ်လေ။ ဒါနဲ့ အဲ့လောက်အများကြီး ဘာလုပ်ဖို့လဲ"

ရီမီက ဘေးဘီကိုတစ်ချက်ဝဲကြည့်ပြီးမှ နိုင်ဂျယ် နားရွက်နားကပ်လာပြီး...

"အစ်ကိုလုပ်လို့ အိပ်ရာခင်းတွေ ခဏခဏ လဲနေရတာကို၊ အပိုများများရှိတော့ ကောင်းတာပေါ့"

ရုတ်တရပ်မို့ နားမလည်နိုင်ဖြစ်သွားသဖြင့် စက္ကန့်ပိုင်းမျှ ငြိမ်ပြီးစဥ်းစားလိုက်ပြီးနောက် အဓိပ္ပါယ်ကို သိသွားတဲ့အခါ နိုင်ဂျယ်မျက်နှာမှာ အနည်းငယ်
နေရခက်တဲ့အရိပ်အယောင်များ ပေါ်ထွက်သွားပေမဲ့
ချက်ချင်းပြန်ချေပလိုက်သည်။

"မင်းလည်းလုပ်တာပဲလေ၊ နှစ်ယောက်လုံး အတူတူပဲကို"

"မတူပါဘုူး။ ကျွန်တော်က ပေအောင်လုပ်တာမှမဟုတ်တာ။ ကျ​ွန်တော် ပြီးရင် ကွန်ဒုံးထဲမှာပဲပြီး....."

"ဟေ့ကောင်လေး! တော်တော့။ မရှက်ဘူးလား"

"ရှက်စရာမှမဟုတ်တာ"
"တော်တော့။ လာ..သွားဝယ်မယ်၊ တခြားဟာတွေလည်း ဝယ်ရအုုံးမှာ နောက်ကျနေမယ်"

"အင်းပါ။"

ကောင်လေးစကားအတိုင်းပင် အိပ်ယာခင်းကို ဆယ်စုံ
ဝယ်လိုက်ကာ စားသောက်တန်းတွေဖက်ကို ထပ်သွားလိုက်သည်။

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now