Chapter_24 (Z)

245 5 0
                                    

This part contains mature scenes.
Read at your own risk.⚜
:
:
:

" အစ်ကိုလင်းထွဋ်နဲ့ ခွန်းဦးတို့ မလာသေးဘူးလား"

"လာတော့မှာပါ အစ်ကိုအသေးလေးရဲ့။ ခဏ၊ ကျွန်တော် သွားကြည့်ပေးမယ်နော်"

"ကျေးဇူးပါ အန်ဒရီ"

"ရပါတယ်"

weddingကို လင်းထွဋ်နှင့် သူ့သူငယ်ချင်းတွေ
မလာမှာစိုးသဖြင့် တတွတ်တွတ်မေးနေသည့် လွန်းကြောင့် အန်ဒရီ သွားကြည့်ပေးရန်သာ ပြင်လိုက်သည်။

"မိတ်ကပ်မလိမ်းလို့ရမလားဗျ"

"ဟုတ်ကဲ့၊ CEOက မလိမ်းပေးဖို့မှာထားပါတယ်။
မျက်နှာပြောင်ကြီး ဖြစ်မနေအောင် ခရင်မ်လေးတော့ လိမ်းပေးလိုက်မယ်နော်၊ ရတယ်မလား"

"ဟုတ်ကဲ့"

တော်ဝင်က လွန်းပြင်ဆင်တဲ့အခါ အဆင်ပြေစေရန်
ပြင်သစ်လူမျိုးကို မငှားထားဘဲ မြန်မာလူမျိုးကိုသာ
ငှားပေးခဲ့တာကြောင့် သေချာညှိနှိုင်း၍ ရခြင်းပင်။

"အာ..နှုတ်ခမ်းနီလည်း မဆိုးဘူးဗျ"

"အဆီလေးပါပဲ"

"ကျွန်တော် မနေတတ်လို့ပါ။"

"ဟုတ်ပါပြီရှင့်"

လွန်းကိုယ့်ကိုကိုယ်ပင် ချေးများသည်ဟု ထင်သွားသော်လည်း အဲ့လိုတွေလိမ်းပြီး မနေတတ်တာကြောင့် အားနာနာနှင့်သာ တောင်းဆိုလိုက်ရသည်။

"နှုတ်ခမ်းနီလည်းမဆိုးဘူးဆိုတော့ မျက်နှာအတွက်က ပြီးပြီနော်။ ဆံပင်ပုံစံလေးရော စိတ်တိုင်းကျရဲ့လား"

"ဟုတ်ကဲ့.."

"..အဲ့ဆို အင်္ကျီဝတ်ဖို့ အစ်မ stylistကို လွှတ်လိုက်မယ်နော်"

"ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်"

"မလိုပါဘူးရှင်"

_____________________

အခန်းတစ်ခုထဲတွင် တဒုန်းဒုန်းဟူသည့်အသံဗလံတွေနှင့် အသက်ရှူသံပြင်းပြင်းမှလွဲ တစ်ခြားသောအသံမှာ
နတ္ထိ။ ရတု သူ၏ဆရာဖြစ်သူကို
ကြည့်ပြီး စိတ်ပျက်သလို မျက်လုံးပင်လှန်လိုက်မိသည်။
ရတုစိတ်ပျက်နေသည်ကိုလည်း အပြစ်ပြော၍ မရချေ။
တော်ဝင်လုပ်နေပုံမှာလည်း ဟုတ်မနေပေ။
ပွဲချိန်ရောက်ရန် မိနစ်၃၀လောက်သာ လိုတော့ခြင်းဖြစ်သော်လည်း တော်ဝင့်မှာ အခုထိ
ဘာမှမပြင်ဆင်ရသေး။
ရေချိုးပြီးကာ မိတ်ကပ်လည်း မလိမ်းတာကြောင့်
ဆံပင်ပုံကိုသာ သွင်းရသည်။ ထိုအချိန်ထိ အရာအားလုံးက အေးအေးဆေးဆေးပင်။ သို့သော်.. ဆံပင်ပုံသွင်းပြီးချိန်တွင် ပြဿနာက စ,လာ၏။
တော်ဝင်က အင်္ကျီဝတ်ပေးတာကို မခံဘဲ အခန်းထဲက လူတစ်ယောက်မကျန် မောင်းထုတ်ကာ ရတုကို
Boxing Bagယူခိုင်း၏။ ထို့နောက် ဘာစကားမျှ
မဆိုတော့သလို၊ ဘယ်သူပြောတာမျှလည်း နားမထောင်တော့ဘဲ Boxing bagကို ထိုးနေသည်မှာ သွင်းထားတဲ့ဆံပင်ပုံသည် ဟိုတစ်စ,ဒီတစ်စကျ၍
ပျက်စီးနေကာ တကိုယ်လုံးသည်လည်း ချွေးတွေနှင့် ရွှဲနေပြီဖြစ်သည်။ နောက်ဆုံးတော့ ရတု မနေနိုင်တော့ဘဲ သတိပေးရန် ပြင်လိုက်သည်။

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now