Chapter_32

3.6K 126 11
                                    


ဦးနှောက်ထဲသို့ အသိစ်ိတ်ဝင်လာသည်နှင့် တပြိုက်နက် မျက်လုံးကို ဆပ်ခနဲဖွင့်လိုက်မိသည်။ ပထမဆုံး မြင်လိုက်ရသည်က မျက်နှာကြပ်ဖြူဖြူတစ်ခု။
နှာခေါင်းထဲသို့ တိုးဝင်လာသည့် ဆေးနံ့တချို့နှင့်
တပ်ဆင်ထားရတဲ့ Oxygen Maskကြောင့်
ဆေးရုံရောက်နေမှန်း သိလိုက်ရ၏။ ထိုးကိုက်လာသည့် ခေါင်းနှင့် တဆစ်ဆစ်နာနေသည့် ခန္ဓာယ်ကိုယ်ကြောင့်
စုပ်တစ်ချက်သပ်လိုက်မိသည်။

"နိုးပြီလားBoss၊ ကျွန်တော် ဆရာဝန်ခေါ်လိုက်မယ်နော်"

ရီမီရဲ့ ကုတင်ဘေးတွင် ထိုင်နေသည့် သူတစ်​ယောက်က အချက်ပေး ခလုတ်ကို နိုပ်ရင်းပြောလိုက်သည်။
ရီမီက အနားက လူသံကြားသည်နှင့် တပ်ဆင်ထားသည့်
Oxygen Maskကို ဆွဲဖြုတ်လိုက်ကာ မေးလိုက်သည်။

"နိုင်ဂျယ်! နိုင်ဂျယ် ဘယ်မှာလဲ! ဘယ်မှာလဲလို့ မေးနေတယ်လေ!!"

ရီမီရဲ့ မျက်လုံးဝိုင်းဝိုင်းတို့ နီရဲစိုစွတ်နေသည်မှာ အကျည်းတန်ဖွယ်။

"operation roomမှာပါ"

ရီမီက ချက်ချင်းပင် လက်ကသွင်းထားသည့် ဆေးထိုးအပ်တွေကို ဆွဲဖြုတ်၍ ကုတင်ပေါ်က ဆင်းနေတာမို့
ထိုကောင်လေး ပြာသွားသည်။ သို့သော် မတားဆီးရဲပေ။
ထို့ကြောင့် ရီမီနောက်သာလိုက်၍ operation room
နေရာကို ညွှန်ပေးလိုက်သည်။

"သူoperation roomထဲ ဝင်သွားတာ ဘယ်လောက်ကြာပြီလဲ"

"နှစ်နာရီပါ"

"ကျစ်! စိုးရိမ်ရလား"

"ကျွန်တော်က Bossနား နေနေတာလို့ သူ့အခြေအနေကို သိပ်မသိဘူးဗျ"

"မသိရင် သိတဲ့သူကို သွားမေးလေ၊ အသက်အန္တာရယ် ဖြစ်နေတဲ့ အချိန် သူ့နားဘယ်သူမှ မရှိပေးရအောင် အကုန်သေကုန်လို့လား"

ရီမီ အသံမှာ ရေခဲတမျှ အေးစက်နေသည်မို့ ထိုကောင်လေးက အနားမှ ချက်ချင်း ထွက်သွား၍
ခိုင်းတဲ့အတိုင်း လုပ်ရတော့၏။

"ဘာမှမဖြစ်လိုက်ပါနဲ့၊ ကျွန်တော် တောင်းပန်ပါတယ်"

ထိုကောင်လေး ထွက်သွားသည်နှင့် ရီမီအသံက ဖျော့တော့ကာ တုန်ယင်သွား၏။ မျက်ဝန်းတို့သည်လည်း ပို၍ နီရဲစိုစွတ်လာသော်လည်း မျက်ရည်မကျအောင် အံတင်းတင်းကြိတ်၍ တင်းခံထားသည်။

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now