Chapter_7

9.7K 372 9
                                    


ကုတင်ပေါ်တွင် အင်္ကျီ ေတွကို ဖြန့်ထားကာ
ဘာဝတ်ရမလဲ တွေးတောနေသည်မှာ
နာရီဝက်ပင်ပြည့်လုနေပြီ။
ထိုသူကား လွန်းလေပြေသွင်ပင်။

ဒီနေ့မောင့်ဆီမှာ အလုပ်ဆင်းရမည့် ပထမဆုံးရက်ဖြစ်တာကြောင့် ဘာဝတ်ရမည်လဲ။
မောင့်ရှေ့မှာမို့ နည်းနည်းတော့ ကြည့်ကောင်းချင်တာ
တော့အမှန်ပင်။

နောက်ဆုံးတော့လည်း မရွေးတတ်တော့သည်ကြောင့် အဆင်ပြေလောက်မယ့် အညိုရောင် တီရှပ်လက်ရှည်နဲ့ စတိုင်ပန်အနက်သာ ဝတ်လိုက်သည်။

ဒေါက် ဒေါက် ဒေါက်!!

"ဝင်ခဲ့"

တံခါးခေါက်သံကြောင့် လွန်း အခန်းထဲဝင်ဖို့ပြောလိုက်သည်။

"လွန်း..ထမင်းချိုင့်ထည့်သွားမှာလား"

လွန်းက ထမင်းချိုင့်ကို တစ်ခါတလေ မထည့်ဘဲ
အပြင်ကဝယ်စားတတ်တာကြောင့် ခွန်းဦးက အရင်လာမေးသည်။

"ဟင့်အင်း။ မထည့်တော့ဘူး။"

"ဪ...အေး။ ဒါနဲ့...အင်္ကျီတေွကဘာလို့
အဲ့လောက်ရှုပ်နေတာလဲ"

ခွန်းဦးက ကုတင်ပေါ်မှာ ပျံ့ကျဲနေတဲ့ အင်္ကျီတေွကိုကြည့်ကာ မေးလာသည်။
လွန်းမျက်နှာ ရဲသွားကာ...

"အာ..ဟို..အဲ့ဒါက ဒီတိုင်းပဲဘာဝတ်ရမလဲ ရွေးနေတာ"

"မင်းရဲ့ အလုပ်အသစ်ကဘာမို့လို့ အဲ့လောက်အင်္ကျီတေွ
ရွေးနေရတာလဲ"

"ငါမနေ့ညက ပြောတယ်လေ အတွင်းရေးမှူးလို့။
ငါနောက်ကျတော့မယ်။ သွားပြီ"

ခွန်းဦး စကားမ,စနိုင်ခင် လွန်း ထွက်လာလိုက်သည်။

"ငါပြန်လာရင် ပြောစရာရှိတယ် ခွန်းဦး!!"

အိမ်ပေါက်ဝ မှာဖိနပ်စီးနေရင်းနဲ့​ပြောလိုက်ပြီး အိမ်ကထွက်လိုက်သည်။ ထုံးစံအတိုင်းလိုင်းကားကိုသာ
စီး၍ အလုပ်ဆီသွားလိုက်သည်။

_______________

"ဟိုတစ်ယောက်က မရောက်လာသေးဘူးလား"

Kingဒီနေ့တင် ထိုစကားကိုပြောနေတာ ဘယ်နှခါမှန်းပင်မသိ။ ရတုပင် ဖြေရတာ ပါးစပ်ညောင်းလာပြီ ဖြစ်သည်။ ပုံမှန်ရုံးတက်ချိန်က ကိုးနာရီဖြစ်သော်လည်း ခုနှစ်နာရီခွဲထဲက ထွက်လာတာ
တား၍မရ။ အရင်ဆို အိပ်ရာမထချင်၍ အလုပ်ချိန်ကို ကိုးနာရီမှ ဆယ့်နှနာရီသို့ပါ ပြောင်းရန်ကြံနေသဖြင့် မနည်းဖြောင်းဖြ ထားရသူက အခုတော့ အစောကြီးထကာ ခုနနှစ်နာရီခွဲတည်းက ရုံးကိုရောက်နေလေပြီ။ ရောက်တော့လည်း အစ်ကိုလွန်းမလာဘူးလား ဟူ၍ သတိရတိုင်းတစ်ခါ မေးနေသေး၏။

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now