Chapter_3

11.8K 463 5
                                    


တီ တီ တီ

"Hello..ပြော"

"နင်ဘယ်လိုလုပ် လိုက်တာလဲ။ အခုနင့်videoက.."

"ဘာဖြစ်နေတာလဲဟာ။နင်ဖျက်ချပေးလိုက်ပြီ မဟုတ်ဘူးလား"

"အေး..ငါသာစောစောမတွေ့လို့ နင့်video တော်တော်ပျံ့သွားရင် ဘယ်လိုလုပ်မလဲ။ King Groupကို အများကြီး ထိလိုက်နိုင်တယ် နားလည်လား"

"တော်ဝင်..နင်တော်တော်လျှာရည်တာပဲ။ နင်အခုဖျက်ပြီးပြီမလား ဘာတွေဖြစ်နေတာလဲ။ အဲ့ကောင်လေးကိုငါ အလုပ်လည်းဖြုတ်လိုက်ပြီ အဲ့ဒါစံပြပဲ...ငါ့ကိုဘယ်သူမှငါ့ကိုလာမစော်ကားရဲအောင်လေ.."

"တော်သေးတာပေါ့..နင်ကငါ့အစ်မဆိုတာကို ဘယ်သူမှမသိလို့ သိရင်ငါတော်တော် နာမည်ပျက်နေလောက်ပြီ။ ပြီးတော့...ငါ့ကို လာပြောမနေနဲ့၊ နောက်တစ်ခါ ပြဿနာရှာချင်ရင် ကိုယ်တိုင်ဖျက်ချနိုင်ဖို့ သေချာသင်ထား။ အလကား အာရုံလာနောက်မနေနဲ။ အားနေတာ မဟုတ်ဘူး"

ခြူးမြင့်မိုရ်နွယ် မောင်ဖြစ်သူ၏စကားကြောင့် ရှုတ်မဲ့သွားသည်။

"နင်ကငါ့မောင်ဆိုတာလည်း ငါကဘယ်သူမှမပြောပါဘူး။ ပြီးရင်CEOရဲ့အစ်မဆိုပြီး ကပ်ပါးကောင်တွေ လာကပ်နေမှာစိုးလို့.။ ပြီးတော့...."

တော်ဝင် အစ်မဖြစ်သူရဲ့စကားကြောင့် နှုတ်ခမ်းထောင့်စွန်းလေး ကော့တက်ရုံ ပြုံးလိုက်ကာ ဘာမှပြန်မပြောဘဲ ဖုန်းချလိုက်သည်။

"ဟာ..ဒီကောင်လေးတော့ ပြောလို့မပြီးသေးဘူး ဖုန်းချပြန်ပြီ"

တော်ဝင် မိမိတစ်ဦးထဲတွင်သာ ရှိတော့တဲ့ ခြူးမြင့်မိုရ်နွယ် ရဲ့videoကိုဖွင့် ကြည့်လိုက််သည်။ အတိအကျဆိုလျှင် videoထဲက ကျောပြင်လေးကို ထပ်ကြည့်ချင်သေးတာကြောင့် ဖြစ်၏။

videoထဲမှာ ခြူးမြင့်မိုရ်နွယ် ပြောလိုက်တဲ့ လွန်း​ေလပြေသွင်ဆိုတဲ့ ကောင်လေးက ကျောပြင်သာပါပြီး၊ သူ(မ) က​ေတာ့ မျက်နှာအပြည့်ပါသည်။ ရိုက်သည့်သူက ထိုကောင်လေးအနောက်ကနေ ရိုက်သည့်အနေအထားပင်။
တော်ဝင် ထိုကျောပြင်လေးကို ရင်နီုးနေသလိုပင်။ သို့သော် လွန်းလေပြေသွင်ဆိုသည့်နာမည်ကိုလည်း သူတစ်ခါမှပင် မကြားဖူးပေ။ ထိုကောင်လေးမျက်နှာကိုလည်း မြင်ချင်မိသည်။ သူ့အတွက်လူတစ်ယောက်ရဲ့ ကိုယ်ရေးရာဇဝင်၊ ဓာတ်ပုံရဖို့ဆိုတာ ခက်ခဲတဲ့အရာတော့မဟုတ်။ သိုပေမဲ့ မစုံစမ်းချင်ပါ ကျောပြင်လေးမြင်ရုံနှင့် လူကိုသိအောင် ကြိုးစားရအောင်လည်း ဟိုက မိန်းကလေးတွေလို ရှိုက်ကြီးရှိုက်ဖိုနဲ့ ပုရိသတို့ စွဲလန်းချင်စရာတွေလည်းပါတာ မဟုတ်။

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now