Chapter_39

3.7K 142 20
                                    


နေသန်အောက်မှ ဟယ်ရီမျက်နှာမှာ ရဲရဲနီပြီး ခရမ်းရောင်ပင် သန်းလုလုအခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် နေသန် မလွှတ်ပေးမိ၊ ဟယ်ရီ အသက် ဝိညာဥ် မရှိတော့မှ သူလွှတ်ပေးမှာဖြစ်သည်။ သူဟယ်ရီကို
မသတ်ချင်သော်လည်း သူသာမသတ်ရင် လိုဂန်က သတ်လိမ့်မည်။ သူ ထိုသို့အဖြစ်မခံနိုင်၊ ဟယ်ရီ တခြားသူတစ်ယောက်ကြောင့် သေရမည်ကို သူ လုံးဝအဖြစ်မခံနိုင်ပါချေ။

သူ့လိုလူက အချစ်ဆိုတဲ့ ခံစားချက်ကို မခံစားနိုင်တဲ့ စိတ်ဝေသနာသည်မို့ ဟယ်ရီကို ချစ်လားလို့မေးပါက ခေါင်းသာယမ်းပြမိလိမ့်မည်။ သို့သော် ဟယ်ရီကို ဒုက္ခမရောက်စေချင်၊ ဝမ်းမနည်းစေချင်တာတော့အမှန်ပင်။
ဒါကလည်း သူ့ကိုဆိုအမြဲအလျှော့ပေးပြီး၊ပြဿနာတွေ လိုက်ရှင်းပေးတဲ့သူ ဒုက္ခရောက်ရင် သူ့ပြဿနာတွေကို
လိုက်မရှင်းပေးနိုင်မှာကို စိုးရိမ်တာမျိုး ဒါမှမဟုတ် တခြားအကြောင်းပြချက် တစ်ခုခုကြောင့်လည်း ဖြစ်ကောင်းဖြစ်လိမ့်မည်၊ သူ့ကိုယ်တိုင်လည်း သေချာ မသိပါချေ။
သူက ဘယ်သူ့က်ိုမှ ကောင်းကျိုးမပေးမှန်း သူ့ကိုယ်သူလည်း သိသည်မ်ို့ ဟယ်ရီကိုလည်း အဝေးသို့ အမြဲတွန်းလွှတ်တတ်သည်၊ သို့သော် ဟယ်ရီဟာ
သူ့နားက မထွက်သွားချေ။ သူဟယ်ရီကို တခြားသူတွေကို
ဆက်ဆံသလို ဟန်ဆောင်၍ ကောင်းပြနိုင်သော်လည်း
သူမလုပ်ခဲ့၊ အကြောင်းပြချက် ရေရေရာရာမသိပါဘဲ
ဟယ်ရီအပေါ် ဟန်ဆောင်ဆက်ဆံပြရမှာကို ဝန်လေးနေမိသည်။ ထို့ကြောင့် ဟယ်ရီနဲ့နေတဲ့ တစ်လျှောက်လုံး သူစိတ်ရူးပေါက်၍ ကောင်းခဲ့သည်များမှာ
သူ့စိတ်ဆန္ဒအလျှောက်လုပ်ခဲ့တာချည်း ဖြစ်သည်။

အခုလည်း လိုဂန်နဲ့ ရင်ဆိုင်ရမှာက အန္တရာယ်များမှန်း သိတာမို့ ဟယ်ရီကို အထိခိုက်မခံနိုင်၍ အခန်းထဲမှာ ပိတ်ထားခဲ့ခြင်းပင်။ ထိုသည်ကိုဘဲ သူက ရောက်လာသေးသည်။

"ချစ်..တယ်"

သူ့ပါးပြင်ကို ခပ်ဖွဖွလာပွတ်သပ်၍ ပြောလာတဲ့ မပီမသစကားသံကြောင့် နေသန့်သူ့လက်တွေကို အလန့်တကြား ဖယ်လိုက်မိသည်။ ဤသည်မှာ သူ ငယ်စဥ်တည်းက အခုအချိန်ထိ ပထမဦးဆုံး အ​ကြိမ်
အလန့်တကြားဖြစ်မိခြင်း။

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now