Chapter_42

3.4K 133 35
                                    


တော်ဝင်ဆောက်လုပ်ထားတဲ့ ဆေးရုံက မြို့ပြင်က
တောထဲမှာ ဆောက်ထားတာဖြစ်ပြီး အထပ် အမြင့်ကြီးမဟုတ်ဘဲ သုံးထပ်သာရှိသည်။ ဆေးရုံဆိုသော်ငြား ခြံဝန်းနဲ့ တိုက်ပုံစံမျိုး
ဆောက်ထားတာဖြစ်သည်။ ထိုသို့ အိမ်ပုံစံဆိုသော်လည်း
ဆေးရုံထဲတွင် ဆေးပစ္စည်းနဲ့ပတ်သက်ပြီး မရှိတာဆိုတာ မရှိပေ။ မြေနေရာကလည်း တရားဝင် ဝယ်ထားတာဖြစ်တာကြောင့် ဘယ်သူမှဝင်ရှုပ်လို့မရ။ ဒီလိုဆေးရုံမျိုး ပြင်သစ်မှာလည်း တစ်ရုံရှိပြီး မြို့ပြင်မှာ မဟုတ်ဘဲ အိမ်နဲ့ဘေးကပ်ရက်မှာ ဆောက်ထားတာဖြစ်ပြီး ဒီဆေးရုံထပ်လည်း အရွယ်အစားပိုကြီးသည်။ ဆေးရုံနှစ်ရုံလုံးရဲ့ ထူးခြားချက်ကတော့ အမည်နာမ,မရှိခြင်း
ဖြစ်သည်။ ဒါကလည်း အကြောင်းကိစ္စတွေရှိလို့မဟုတ်ဘဲ
တော်ဝင်က ဘယ်လိုပေးရမှန်းမသိတာကြောင့် ဖြစ်သည်။
ဆောက်လုပ်တဲ့ရည်ရွယ်ချက်ကတော့ အဖွဲ့ဝင်တွေ တိုက်ခိုက်ရင်း ဒဏ်ရာရတဲ့အခါ အပြင်ဆေးရုံတွေမှာ
ကုသဖို့အဆင်မပြေတဲ့အတွက် ဒီမှာဘဲ ကုသနိုင်ရန်ဖြစ်သည်။

တော်ဝင်နေနေတဲ့ ဆေးရုံရဲ့ အားသာချက်က
အခန်းတိုင်းမှာ မီးဖိုခန်းကို သပ်သပ်အခန်းအသေးစားလေး ဖွဲ့၍ ထားပေးထားသည်။
ထို့ကြောင့် လွန်းက ထိုထဲတွင် တော်ဝင် စားချင်သမျှကို ကိုယ်တိုင်ချက်ပြုတ်ပေး၏။ ဆေးရုံခန်းကို အိမ်လိုမျိုး
ဆောက်ထားတာက လွန်းအတွက် အတော် အဆင်ပြေသွားသည်။ အခန်းတိုင်းက တော်ဝင်နေတဲ့အခန်းနဲ့
ချွတ်စွတ်မဟုတ်သော်ငြား ဆင်တူရိုးမားတွေဖြစ်ပြီး ပစ္စည်းအစုံအလင်ရှိသည်။ သို့သော် တော်ဝင်က တစ်ယောက်တည်းနေတာဖြစ်ပြီး တခြား အခန်းတွေမှာကတော့ လူနာကုတင်ဆယ်ခုထားရှိထားပြီး
တစ်ခန်းကိုဆယ်ယောက်နေရသည်။

"မောင်"

လွန်းက မီးဖိုထဲက ဗန်းတစ်ဗန်းကိုင်၍ ထွက်လာပြီး ခေါ်သည်။

"ဗျာ.."

မောင့်ရဲ့ ထူးသံကြောင့်စိတ်ဖိစီးနေတဲ့ကြားကပင် ခပ်ဖွဖွပြုံးလိုက်မိသည်။

"ဗိုက်ဆာနေပြီလား၊ ကိုယ်နည်းနည်းကြာသွားတယ်"

လွန်းက တော်ဝင့်ရှေ့က စားပွဲပေါ်သို့ ပန်းကန်ကိုတင်၍
တော်ဝင့်ရဲ့ ကုတ်ထောက်ဆံပင်တွေကို သပ်တင်ပေးရင်း
ဆိုသည်။

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now