Chapter_19 (Z)

252 6 0
                                    

"အဲ့ဒီ စောက်အဖိုးကြီးက ဘာစောက်ချိုး,ချိုးသွားတာလဲ။
သူကဘာကိစ္စ ကိုကို့ကို ပြဿနာထဲဆွဲထည့်ပြီး
သတင်းပေးလိုက်ရတာလဲ..တောက်!"

ဆိုဖာပေါ်တွင်ထိုင်နေရင်းမှ အရှေ့ကစားပွဲကို
ခြေထောက်ဖြင့်ကန်၍ ရီမီတစ်​ယောက်တည်း
ဒေါသဖြေနေမိသည်။

"လိုဂန်နဲ့ လွန်းလေပြေသွင်တို့ ဟော်တယ်က
အကြောင်းက ဦးမော်လင်းအောင်တင်တာ
မဟုတ်ပါဘူး။
အဲ့က တွေ့တဲ့သူတစ်ယောက်က ဓာတ်ပုံရိုက်မိပြီး
အဲ့ကနေပျံ့သွားတာပါ"

"အဲ့ဒါကို ငါလည်းသိတယ်။ ကိုကိုက
ဟိုကောင့်ကိုမြူစွယ်တယ်ဆိုတာက သူမတင်လို့
ဘယ်သူတင်မှာလဲ။ ပြဿနာလုပ်ခိုင်းတာကို
ဒီလိုလွယ်လွယ်နဲ့ လုပ်လိုက်ရလား!"

"...သူ့ကို ဘာလုပ်လိုက်ရမလဲ"

"မလုပ်နဲ့။ ကျွန်တော်တို့မလုပ်လည်း လိုဂန်လုပ်လိမ့်မယ်။"

"ဟုတ်ကဲ့..ဦးမော်လင်းအောင်အတွက် ရှယ်ယာဝယ်ဖို့ပေးထားတဲ့ ပိုက်ဆံတွေက
ဘယ်လိုလုပ်မလဲ"

"ကျစ်..သူက ရှယ်ယာတွေ
နည်းနည်းပဲဝယ်ရသေးတာမို့ ပိုက်ဆံအတွက်ကတော့
သိပ်မဆုံးရှူံးပါဘူး။ ပြဿနာက စီစဉ်ထားတာတွေပျက်သွားတာဘဲ။
ဘရိုင်ယန်လိုဂန်! မြေခွေးလိုကောင်!"

"လိုဂန်ပြောထားတဲ့ သတင်းကြည့်ပြီးပြီလား
နေ့လွန်းသစ်.."

"ဘာကိုလဲ"

နိုင်ဂျယ်က မည်သည့်စကားမျှမဆိုဘဲ
ခုံတွင်ထိုင်နေသည့် ရီမီ ရှေ့ကို ဖုန်းထိုးပေးသည်။

"...တောက်!"

"ဘယ်လိုလုပ်ပေးရမလဲ"

ရီမီက ခဏစဉ်းစားဟန်ပြုသည်။

"အခုပဲ သတ်ပစ်လိုက်မလား"

နိုင်ဂျယ် တိတ်တဆိတ် သက်ပြင်းချမိသည်။
ရီမီ ထိုသို့သွေးဆူလွယ်တာကို သူမကြိုက်။
ဘယ်လောက်ပဲ တော်ပြီးလုပ်ငန်းတွေကို
ဦးဆောင်တယ်ဆိုအုံးတော့ ဆယ်ကျော်သက်သာသာ
အရွယ်ကောင်လေးက ဒေါသကို မထိန်းနိုင်၊
သွေးဆူလွယ်သည်။
တစ်ခုခုဆို တစ်ဇွတ်ထိုးလုပ်တတ်တဲ့ အကျင့်ကိုလည်း
ဖျောက်မရ။
သူတွေးနေတာတွေသာ ရီမီသိခဲ့ရင်
သူ့မျက်နှာ စုတ်ပြတ်သပ်နေမှာ
အသေအချာပင်။

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now