Chapter_11

10K 352 10
                                    


မျက်နှာပေါ်ကို ကျရောက်နေတဲ့ နေရောင်ကြောင့် တော်ဝင်နိုးလာရ၏။
ဘေးကိုကြည့်မိတော့ အကောင်ပေါက်က မရှိတော့။ သူအိပ်တဲ့နေရာလေးကို ထိကြည့်တော့ လက်ကိုကူးစက်လာတဲ့
ခပ်နွေးနွေး အထိအတွေ့ကြောင့် မကြာခင်ကမှ
ထသွားမှန်းသိလိုက်သည်။

မီးဖိုခန်းထဲ ရှိမည်အထင်နှင့် ဝင်ကြည့်လိုက်တော့
အကောင်ပေါက်ကိုမတွေ့ရ။
ထို့ကြောင့် အလိုမကျစွာ မျက်ခုံးတွေ
တွန့်ချိုးသွားရသည်။

"ရှား..နိုးနေပြီလား။"

တော်ဝင် မီးဖိုခန်းအပေါက်မှာရပ်နေတုန်း
အနောက်ပါးက ထွက်လာတဲ့
ချိုမြမြအသံ​လေးကြောင့်
တွန့်ချိုးနေတဲ့ မျက်ခုံးတွေပြေသွားသည်။

"အင်း..ခင်ဗျားက ဘယ်သွားနေတာလဲ"

"ကျွန်တော် အပင်တွေ ရေလောင်းနေတာ။
ရှားရေချိုးချင် ချိုးလိုက်လေ။ ကျွန်တော်
မနက်စာပြင်ပေးထားမယ်။"

"အင်း"

တော်ဝင်ရေချိုးပြီး ထွက်လာတော့ ကုတင်ပေါ်က အင်္ကျီတွေကြောင့် ပါးချိုင့်ရှည်တွေပေါ်တဲ့အထိ
ပြုံးမိသွား၏။ အဝတ်အစားကို အမြန်လဲကာ
မီးဖိုခန်းထဲဝင်သွားတော့ တစ်ကုတ်ကုတ်နဲ့
ချက်ပြုတ်နေတဲ့ ကျောပြင်သေးသေးလေးကြောင့်
ပါးချိုင့်ရှည်တွေဟာ ပိုမိုပြီးထင်ရှားသွားသည်။
ကိုယ်တွေက ကြင်စဦးမောင်နှံနဲ့
တူမနေဘူးလား။

"အဟမ်း!ခင်ဗျား မုန့်ဟင်းခါးချက်နေတာလား"

အိုးကနေ မွှေးကြိုင်စွာ ပျံ့လွှင့်နေတဲ့
မုန့်ဟင်းခါး ရနံ့ကြောင့်မေးလိုက်သည်။

"ဟုတ်တယ်ရှား။ စားတယ်မဟုတ်လား"

"စားပါတယ်။ ကျုပ်ဗိုက်ဆာနေပြီ။"

"ထည့်ပေးမယ်နော်။ ဘုရား
ဆွမ်းတော်အတွက် ဖယ်ထားလိုက်အုံးမယ်။
မြန်မြန်လုပ်လိုက်မယ်၊ ခဏလေးနော်"

"အာ..ရတယ်။ ဖြည်းဖြည်းပဲလုပ်။
အပူလောင်နေမယ်"

လွန်းက ဘုရားဆွမ်းတော်အတွက်
သပ်သပ်ပန်းကန်နဲ့ ခပ်လိုက်ပြီးမှ
တော်ဝင်အတွက် ထည့်ပေးလိုက်သည်။

မောင့်၏...တစ်ဦးဆိုင်နာမ်(completed)  မျမောင့်၏...တစ်ဦးဆိုင်နာမ်Where stories live. Discover now